Local Sports: ဆူဇူကီးဖလားအတွက် အစွမ်းကုန်ပေးဆပ်ဖို့ အသင်းသားတွေကို ရန်အောင်ကျော် ပြော

လူငယ်ကစားသမားတွေ တစ်ခါတလေ ဂျီကျတာကလွဲပြီး အသင်းက စည်းလုံးမှုရှိတယ်။

play

 

ဆူဇူကီးဖလားမှာ အုပ်စုအဆင့်ကနေ ကျော်ဖြတ်နိုင်ရေးအတွက်  အစွမ်းကုန် ပေးဆပ်ကစားကြဖို့ အသင်းသားအားလုံးကို တိုက်တွန်းထားတယ်လို့ အသင်းခေါင်းဆောင် ရန်အောင်ကျော်က ပြောကြားလိုက်ပါတယ်။

7Day Daily ရဲ့ ဖော်ပြချက်အရ  အသင်းရဲ့ကြံ့ခိုင်မှုနဲ့ ခြေစွမ်းပိုင်း ပိုမိုတိုးတက်လာပြီး မြန်မာအသင်းရဲ့ အကောင်းဆုံးပုံစံကို ပရိသတ်တွေ မြင်တွေ့နိုင်မယ်လို့လည်း ရန်အောင်ကျော်က ပြောကြားထားတာလည်း ဖြစ်ပါတယ်။

အသင်းသားတွေအားလုံးကို နိုင်ငံအတွက် အစွမ်းကုန်ပေးဆပ်ဖို့ စည်းရုံးထားကာ လူငယ်တွေအများစုနဲ့ ဖွဲ့စည်းထားတာကြောင့် လူငယ်ကစားသမားတွေ တစ်ခါတလေ ဂျီကျတာကလွဲပြီး အသင်းက စည်းလုံးမှုရှိတယ်လို့ ရန်အောင်ကျော်က ဆိုပါတယ်။

 အသင်းဟာ အုပ်စုက မတက်တာ သုံးနှစ်ရှိနေပြီး ဒီနှစ်မှာတော့ အုပ်စုအဆင့်က ကျော်ဖြတ်နိုင်ဖို့အတွက် ပရိသတ်တွေရဲ့ အားပေးမှုလည်း လိုအပ်ပါတယ်လို့ ပြောကြားပါတယ်။ မြန်မာက်ရွေးစင်အသင်းဟာ နိုဝင်ဘာ ၁၄ ရက်မှာ အိုမန်အသင်းနဲ့လည်း ခြေစမ်းကစားမှာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ