Local Sports: ယူ-၂၀ အမျိုးသမီး ကမ္ဘာ့ဖလားမှာ တာဝန်ယူမယ့် ဒေါ်သိန်းသိန်းအေး

အာရှတိုက်မှ ဒိုင်လူကြီး သုံးဦး ရွေးချယ်ခဲ့ရာမှာ ဒေါ်သိန်းသိန်းအေး ပါဝင်ခဲ့တာဖြစ်ပါတယ်။

play

 

၂၀၁၆ ဖီဖာ ယူ-၂၀ အမျိုးသမီးကမ္ဘာ့ဖလားမှာ  မြန်မာအမျိုးသမီး ဒိုင်လူကြီး ဒေါ်သိန်းသိန်းအေးက သွားရောက်တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး  ပြိုင်ပွဲမှာ အမှားအယွင်းမရှိ ဆောင်ရွက်နိုင်မယ်လို့  ယုံကြည်ကြောင်း ဒေါ်သိန်းသိန်းအေးက ပြောကြားထားပါတယ်။

 7Day Daily ရဲ့ ဖော်ပြချက်အရ အဆိုပါ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာရှတိုက်မှ ဒိုင်လူကြီး သုံးဦး ရွေးချယ်ခဲ့ရာမှာ ဒေါ်သိန်းသိန်းအေး ပါဝင်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှ ကွင်းလယ်ဒိုင်လူကြီး ၁၆ ဦး၊ အကူဒိုင် ၂၇ ဦးတို့ကို ရွေးချယ်ရာမှာ အာရှတိုက်မှ တရုတ်၊ မြန်မာနဲ့ သြစတြေးလျနိုင်ငံတို့မှ ကွင်းလယ်ဒိုင်သုံးဦး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ 

ဒေါ်သိန်းသိန်းအေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုံး တာဝန်ထမ်းဆောင်ခွင့်ရရှိတဲ့ ကွင်းလယ်ဒိုင်လည်း ဖြစ်ပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ