Local Sports: လက်ရွေးစင်ကစားသမား အောင်သူကို အလွန်အမင်းမချီးကျူးဖို့ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ပြော

အမြဲချီးကျူး ရေးသားနေမယ်ဆိုရင် ဘ၀င်မြင့်သွားမှာစိုးတယ်လို့ ဆိုပါတယ်။

play

 

မြန်မာနေရှင်နယ်လိဂ် အကောင်းဆုံးကစားသမားဆုကို နှစ်နှစ်ဆက်တိုက်ရရှိထားတဲ့ မြန်မာ့လက်ရွေးစင် အောင်သူကို မီဒီယာတွေအနေနဲ့ အလွန်အကျူး အမွှမ်းတင်ချီးကျူး ရေးသားတာတွေ မပြုလုပ်ကြဖို့ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

‘‘သူ(အောင်သူ)က မြန်မာလိဂ် နှစ်နှစ်ဆက်တိုက် အကောင်းဆုံး ဆုရရှိထားသူပါ။ လက်ရွေးစင်အသင်းအတွက်ရော ကလပ်အသင်းအတွက်ပါ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ မီဒီယာတွေအနေနဲ့ အမြဲတမ်းချီးကျူး ရေးသားနေမယ်ဆိုရင် ဘ၀င်မြင့်သွားမှာလည်းစိုးတယ်။ ဒါဟာ အသင်းအတွက် ကောင်း တဲ့ လက္ခဏာမဟုတ်ဘူး’’လို့ ဖရိုင်းဒရစ်က ပြောပါတယ်။

play

 

မန္တလေး ဘောလုံးအကယ်ဒမီထွက် အောင်သူက လက်ရှိအနေအထားမှာ ပုံမှန်ခြေစွမ်းရရှိဖို့ ရုန်းကန်နေရပေမယ့် လာမယ့်ဆူဇူကီးဖလားပြိုင်ပွဲမှာ သူ့ရဲ့ပုံစံကောင်းကို ပြန်လည်မြင်တွေ့ရဖို့ ယုံကြည်နေတယ်လို့ မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်က ပြောပါတယ်။

ဆူဇူကီးဘောလုံးပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းက နိုဝင်ဘာ ၁၄ ရက်မှာ အိုမန်အသင်းနဲ့ သုဝဏ္ဏကွင်းမှာ ခြေစမ်းပွဲကစားသွားမှာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ