Local Sports: ဆူဇူကီးဖလားမှာ အုပ်စုအဆင့်ကျော်ဖြတ်နိုင်ဟု ဂတ်ဖရိုင်းဒရစ်ပြော

အကောင်းဆုံးပုံစံကောင်း တစ်ခုကိုရရှိကာ အုပ်စုအဆင့်က ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ထားတယ်။

play

 

အင်ဒိုနီးရှားအသင်းနဲ့ ခြေစမ်းပွဲမှာ ကစားပုံမကောင်းပေမဲ့  မြန်မာအသင်းအနေနဲ့ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်စွမ်းရှိတယ်လို့ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောကြားလိုက်ပါတယ်။

ဥရောပမှာ ခြေစမ်းပွဲတွေကစားရာမှာ လိုချင်တဲ့ပုံစံကောင်းရပေမဲ့ အင်ဒိုနီးရှားနဲ့ပွဲ ကစားပုံကိုတော့ စိတ်ပျက်မိတယ်လို့ ဂတ်ဖရိုင်းဒရစ်က ပြောကြားခဲ့ပြီး  ပြိုင်ပွဲမတိုင်ခင်မှာ  အကောင်းဆုံးပုံစံကောင်း တစ်ခုကိုရရှိကာ အုပ်စုအဆင့်က ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ထားတယ်လို့ ဆိုပါတယ်။

 အင်ဒိုနီးရှားနဲ့ကစားခဲ့ရာမှာ  မြန်မာအသင်းဟာ အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ပြီး  ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးပေမဲ့ တစ်ဖက်အသင်းနောက်တန်းကို ထိရောက်တဲ့ ထိုးဖောက်မှုတွေမရှိခဲ့ပါဘူး။

မြန်မာအသင်းဟာ ဆူဇူကီးဖလားပြိုင်ပွဲမတိုင်မီ နောက်ဆုံး နိုင်ငံတကာခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၁၄ ရက်က အိုမန်အသင်းနဲ့ ရန်ကုန်မြို့မှာ ဆက်လက်ခြေစမ်းမှာ ဖြစ်ပါတယ်။

Source: 7Day Daily
Photos: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ