Local Sports: ဆီးဂိမ်းအတွက် ပဏာမ ယူ-၂၂ ဘောလုံးအသင်း လူစာရင်း ထုတ်ပြန်

ဆူဇူကီးဖလားပြိုင်ပွဲပြီးမှ ထပ်မံရွေးချယ်မှာ ဖြစ်တယ်လို့ အဖွဲ့ချုပ်မီဒီယာတာဝန်ခံ ဦးဇော်မင်းထိုက်က ပြောကြားထားပါတယ်။

play

 

မလေးရှားဆီးဂိမ်းအတွက် ပဏာမ မြန်မာ ယူ-၂၂ ဘောလုံးအသင်း ကစားသမားစာရင်းတွေကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ကစားသမား ၂၆ ဦး စာရင်းမှာ စင်ကာပူဆီးဂိမ်းပြိုင်ပွဲဝင် အသင်းမှ တိုက်စစ်မှူး ရှိုင်းသူရ၊ နောက်ခံလူ စည်သူအောင်နဲ့ သိန်းနိုင်ဦးတို့ ပြန်လည်ပါဝင်ခဲ့ပါတယ်။ လက်ရှိ မြန်မာ့လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံထားရတဲ့ အသက်(၂၂) နှစ်အောက် ကစားသမားတွေကို ဆူဇူကီးဖလားပြိုင်ပွဲပြီးမှ ထပ်မံရွေးချယ်မှာ ဖြစ်တယ်လို့ အဖွဲ့ချုပ်မီဒီယာတာဝန်ခံ ဦးဇော်မင်းထိုက်က ပြောကြားထားပါတယ်။

 ပြီးခဲ့တဲ့ဆီးဂိမ်းမှာ ငွေတံဆိပ်ဆု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြချုပ် ဦးကြည်လွင်နဲ့ နည်းပြအဖွဲ့ကပဲ တာဝန်ယူကိုင်တွယ်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီဇင်ဘာလတွင်း မလေးရှားယူ-၂၂ အသင်းနဲ့ ရန်ကုန်မြို့မှာ ခြေစမ်းပွဲ နှစ်ပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ပဏာမမြန်မာ့လက်ရွေးစင် ယူ-၂၂ အသင်း

ဂိုး- ဘုန်းသစ္စာမင်း၊ ဆန်းဆက်နိုင်၊ ပြည့်လျှံအောင်

နောက်တန်း- ထိုက်ထိုက်အောင်၊ နန်းဝေမင်း၊ ထလျန်ဟုပ်ထန်း၊ နိုင်လင်းထွန်း၊ ရဲရင့်အောင်၊ သိန်းနိုင်ဦး၊ စည်သူအောင်၊ သီဟထက်အောင်၊ အောင်မိုးထွေး၊ အောင်ဟိန်းစိုးဦး၊ လှိုင်မျိုးအောင်၊ ဟိန်းနေဆန်း

အလယ်တန်း- စွမ်းထက်အောင်၊ ရဲရင့်ထွန်း၊ မောင်မောင်စိုး၊ အောင်မိုးသူ၊ နေမိုးနိုင်၊ မင်းကျော်ခန့်၊ ရန်ပိုင်စိုး

ရှေ့တန်း- သန်းဇော်ဟိန်း၊ ရှိုင်းသူရ၊ ရွှေကို၊ စအောင်ပြည့်ကို

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ