Local Sports: ဂျပန်မှာ ကျင်းပမယ့် မြန်မာ့ရိုးရာလက်ဝှေ့ပွဲ အမျိုးသမီးပွဲစဉ် ပါမယ်

ယှဉ်ပြိုင်မယ့် လက်ဝှေ့သမားတွေကို ဂျပန်နိုင်ငံက ပွဲစီစဉ်သူတွေကိုယ်တိုင် လာရောက်ရွေးချယ်မှာဖြစ်ပါတယ်။

play

 

ဂျပန်နိုင်ငံမှာ  ဒုတိယအကြိမ် ကျင်းပမယ့်  မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲမှာ  အမျိုးသမီးပွဲစဉ်အဖြစ် ဂျပန်နပန်းသမား မိုမိုကိုနဲ့ မြန်မာ့ရိုးရာလက်ဝှေ့မယ် ရွှေစင်မင်းတို့ ယှဉ်ပြိုင်ကြမယ်လို့ သိရပါတယ်။

အဆိုပါပွဲကို  မြန်မာမီဒီယာဂရု(ပ်)နဲ့ ဂျပန်အခြေစိုက် Zero-1 Entertainment တို့ ပူးပေါင်းစီစဉ်တာဖြစ်ပြီး Letwhei GP in Japan 2017 လို့ အမည်ပေးထားပါတယ်။ အဆိုပါပြိုင်ပွဲကို လာမယ့်၂၀၁၇ ဖေဖော်ဝါရီ ၁၆ မှာ  တွဲဆိုင်းခြောက်ဆိုင်းနဲ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပဖို့ စီစဉ်ထားကြောင်း ပွဲစီစဉ်သူ ဦးဝဏ္ဏကပြောကြားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

ယှဉ်ပြိုင်မယ့် လက်ဝှေ့သမားတွေကို ဂျပန်နိုင်ငံက ပွဲစီစဉ်သူတွေကိုယ်တိုင် လာရောက်ရွေးချယ်မှာဖြစ်ပြီး ဒီဇင်ဘာအတွင်း ပုဂံမှာ ကျင်းပမယ့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲက လက်ဝှေ့သမားတွေကို ရွေးချယ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၇ ရက်က ဂျပန်နိုင်ငံမှာ ကျင်းပတဲ့မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ဂျပန်ပရိသတ်တွေ စိတ်ဝင်စားတာကြောင့် ဒုတိယအကြိမ်မြောက် ထပ်မံကျင်းပတာလည်း ဖြစ်ပါတယ်။

Photos & Source: 7Day Daily, မြန်မာ့ရိုးရာလက်ဝှေ့အစည်းအရုံး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ