Local Sports: စိုးလင်းဦးနဲ့ မွေထိုင်းချန်ပီယံ ယှဉ်ပြိုင်မယ့် သုံးနိုင်ငံ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ

တွဲဆိုင်းရှစ်ဆိုင်း ပါဝင်ထိုးသတ်သွားမယ်လို့ သိရပါတယ်။

play

 

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကကြီးမှူးပြီး H&S Group က စီစဉ်တဲ့ ထိုင်း၊ လာအို၊ မြန်မာ သုံးနိုင်ငံ ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲကို လာမယ့် ဒီဇင်ဘာ ၄ ရက်မှာ ရန်ကုန်မြို့သိမ်ဖြူ အားကစားရုံမှာ ကျင်းပသွားမယ်လို့ သိရပြီး အဓိကတွဲဆိုင်းအဖြစ် စိုးလင်းဦးနဲ့ မွေထိုင်းလက်ဝှေ့ချန်ပီယံ ပတ်ထွန်ဆူစာကောတို့ ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

ငါးချီပွဲတွေအဖြစ်ပဲကျင်းပမယ့် ဒီပြိုင်ပွဲမှာ စိုးလင်းဦးနဲ့ ပတ်ထွန်ဆူစာကော၊ သပြေညိုနဲ့ မွေထိုင်းလက်ဝှေ့ချန်ပီယံ ဝမ်သီပေါင်၊ မိုးဟိန်းနဲ့ လာအိုလက်ဝှေ့သမား ဆွမ်ဆောင်း၊ ရဲသွေးနီနဲ့ လာအို လက်ဝှေ့သမား"ကောင်း"တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

play

 

ဒီပြိုင်ပွဲမှာ တွဲဆိုင်းရှစ်ဆိုင်း ပါဝင်ထိုးသတ်သွားမှာဖြစ်ကာ ပြည်တွင်းလက်ဝှေ့သမားတွေနဲ့  ပြည်ပလက်ဝှေ့သမားတွေ ယှဉ်ပြိုင်မယ့် လက်ဝှေ့ပွဲစဉ်လေးပွဲ ပါဝင်မည်ဖြစ်ပြီး  ကျန်တွဲဆိုင်းလေးဆိုင်းက ပြည်တွင်းလက်ဝှေ့သမား အချင်းချင်းယှဉ်ပြိုင်မယ့် ပွဲစဉ်တွေပါဝင်တယ်လို့ သိရပါတယ်။

အခြားပြည်တွင်းငါးချီစိန် ခေါ်ပွဲတွေအနေနဲ့ စောထူးဇော်နဲ့ ဉာဏ်လင်းအောင်၊ ရွှေဖားစည်နဲ့အံ့ဘွားတို့ဖြစ်ပြီး ကျန်တွဲဆိုင်းနှစ်ဆိုင်းကတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။

Source : 7DayDaily

Photo : Sai Zaw Zaw Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ