Local Sports: တိုက်စစ်မှုးကျော်ကိုကိုအား ထိုင်းကလပ်မှ တရားဝင်ကမ်းလှမ်းမှု မရှိသေး

နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် ကိစ္စဆိုရင်တော့ သွားကန်ဖို့ ခွင့်ပြုမှာ ဖြစ်တယ်။

play

 

ထိုင်းပရီးမီးယားလိဂ်ကလပ် Samut Sakhon City Power အသင်းမှ ရန်ကုန်တိုက်စစ် မှူး ကျော်ကိုကိုကိုခေါ်ယူဖို့ စိတ်ဝင်စားမှု ရှိနေပေမဲ့  အသင်းကို  တရားဝင်ဆက်သွယ်ကမ်းလှမ်းလာခြင်းမျိုးတော့  မရှိသေးဘူးလို့ ရန်ကုန်ယူနိုက်တက်အသင်းမန်နေဂျာ ဦးမြင့်သိန်းက ပြောထားပါတယ်။

၂၀၁၇ ဘောလုံးရာသီမှာ ကျော်ကိုကို ကို ထိုင်းပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ တွေ့မြင်ရမှာဖြစ်ကြောင်း ထိုင်းသတင်းဌာနအချို့က ဖော်ပြနေကြပေမဲ့  ရန်ကုန်ယူနိုက်တက်အသင်း တာဝန်ရှိသူတွေက အဆိုပါသတင်းကို ငြင်းဆိုထားတယ်လို့ 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

ကျော်ကိုကို ကိုခေါ်ဖို့ သူတို့ဘက်က အစီအစဉ်တွေလုပ်နေတယ်လို့ သတင်းတွေထွက်လာတာဖြစ်နိုင်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် ကိစ္စဆိုရင်တော့ သွားကန်ဖို့ ခွင့်ပြုမှာ ဖြစ်တယ်လို့ ဦးမြင့်သိန်းကပြောထားပါတယ်။ ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုဟာ မြန်မာ့လက်ရွေးစင်အသင်းမှာ ပါဝင်ခြင်းမရှိပေမဲ့ သူ့ရဲ့ ခြေစွမ်းဟာ အာရှအဆင့်ထိရှိနေတယ်လို့လည်း ပြောကြားထားပါတယ်။

Source: 7Day Daily
Photos: YUFC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ