Local Sports: အိုမန်နဲ့ပွဲမှာ မြန်မာအသင်းရဲ့အကောင်းဆုံးခြေစွမ်းကို မြင်ရမယ်လို့ ဂတ်ဖရိုင်းဒရစ် ပြော

အိုမန်အသင်းက ကမ္ဘာ့အဆင့် ၁၂၉ ဖြစ်ပြီး  မြန်မာအသင်းက ၁၅၆ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

play

 

အင်ဒိုနီးရှားနဲ့ပွဲမှာ  ခြေစွမ်းမကောင်းခဲ့ပေမဲ့ ဒီနေ့ကစားမယ့် အိုမန်အသင်းနဲ့ပွဲမှာတော့ မြန်မာ့လက်ရွေးစင်အသင်းရဲ့ အကောင်းဆုံးခြေစွမ်းကို မြင်တွေ့ရမယ်လို့ နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောကြားထားပါတယ်။

 အိုမန်နဲ့ပွဲမှာတော့ အကောင်းဆုံးခြေစွမ်းနဲ့ ပြန်လာမှာဖြစ်ပြီး  အသင်းချင်းကွာပေမဲ့ ခြေစွမ်းပိုင်းပါ ယှဉ်ကစားနိုင်အောင် ကြိုးစားသွားမှာပါလို့  နိုဝင်ဘာ ၁၃ ရက်က နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ မြန်မာအသင်းနည်းပြချုပ်က ပြောကြားထားတာ ဖြစ်ပါတယ်။

အိုမန်နဲ့ပွဲဟာ ဆူဇူကီးအတွက် အရေးကြီးတဲ့ ပြင်ဆင်မှုဖြစ်ပြီး အရင်နဲ့မတူတဲ့ အသင်းကို မြင်ရမှာဖြစ်တယ်လို့လည်း ပြောကြားပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲချုပ် (ဖီဖာ)က ထုတ်ပြန်ထားတဲ့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ အိုမန်အသင်းက ကမ္ဘာ့အဆင့် ၁၂၉ ဖြစ်ပြီး  မြန်မာအသင်းက ၁၅၆ မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အိုမန်နဲ့ မြန်မာအသင်းတို့ဟာ ယနေ့ ညနေ ၅ နာရီမှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

Photos & Source: MFF, 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ