Local Sports: အိုမန်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ မြန်မာအသင်း

ဘောလုံးရချိန်မှာ ဘယ်လိုလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ချက်ချနိုင်မှု အားနည်းနေဆဲဖြစ်တယ်။

play

 

ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲမတိုင်မီ နောက်ဆုံးနိုင်ငံတကာခြေစမ်းပွဲအဖြစ် မြန်မာအသင်းဟာ အိုမန်နဲ့ ယှဉ်ပြိုင်ကစားရာမှာ   ၃-၀ နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။

play

 

နိုဝင်ဘာ ၁၄ ရက်က ကစားခဲ့တဲ့ အဆိုပါပွဲမှာ အိုမန်အသင်းက ခြေစွမ်းအသာနဲ့ ကစားကာ အနိုင်ရရှိခဲ့တာဖြစ်ပြီး အိုမန်အသင်းအတွက် အနိုင်ဂိုးတွေကို ပွဲအစ ၉ မိနစ်မှာ အလီ၊ ဒုတိယပိုင်း ၅၄ မိနစ်မှာ ကာဆင်၊ ၆၈ မိနစ်မှာ မိုဆင်းတို့က သွင်းယူခဲ့တာ ဖြစ်ပါတယ်။

play

 

အင်ဒိုနီးရှားနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲထွက်လူစာရင်းကနေ နှစ်နေရာသာ မြန်မာအသင်းနည်းပြ ဂတ်ဖရိုင်းဒရစ်က  အပြောင်းအလဲပြုလုပ်ခဲ့ပြီး ကွင်းလယ်တောင်ပံနှစ်ဖက်မှာ ကောင်းဆက်နိုင်ရဲ့ နေရာကို ဆန်လမ်မန်၊ ရန်နိုင်ဦးရဲ့ နေရာကို မျိုးကိုထွန်းတို့ ထည့်သွင်း အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

play

 

မြန်မာအသင်းကစားသမားတွေဟာ ဘောလုံးရချိန်မှာ ဘယ်လိုလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်ချက်ချနိုင်မှု အားနည်းနေဆဲဖြစ်ကြောင်း နည်းပြချုပ်ဂတ်ဖရိုင်းဒရစ်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ