Local Sports: ဆူဇူကီးဖလား ပြိုင်ပွဲဝင်မယ့် ဗီယမ်နမ်အသင်း မြန်မာနိုင်ငံကို ရောက်ရှိ

ဆူဇူကီးဖလားပြိုင်ပွဲဝင် အသင်းတွေထဲမှာ မြန်မာနိုင်ငံကို အစောဆုံး ရောက်ရှိလာတဲ့ အသင်းလည်း ဖြစ်ပါတယ်။ 

play

 

ဆူဇူကီးဖလားပြိုင်ပွဲဝင်ဖို့အတွက် ဗီယမ်နမ်အသင်းဟာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ 

play

 

နိုဝင်ဘာ ၁၅ ရက်နေ့ (ယနေ့) နေ့လယ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အုပ်ချုပ်သူ၊နည်းပြအဖွဲ့ဝင်နဲ့ ကစားသမား စုစုပေါင်း ၂၃ ယောက်ပါဝင်တယ်လို့ သိရပါတယ်။

play

 

ဗီယက်နမ်အသင်းဟာ ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲဝင် အသင်းတွေထဲမှာ မြန်မာနိုင်ငံကို အစောဆုံး ရောက်ရှိလာတဲ့ အသင်းလည်း ဖြစ်ပါတယ်။  အိမ်ရှင် မြန်မာ၊ မလေးရှား၊ ကမ္ဘောဒီးယားအသင်းတို့နဲ့ အတူ ဗီယမ်နမ်အသင်းဟာ အုပ်စု (ခ)မှာ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ