Local Sports: ဆူဇူကီးဖလားအတွက် ကြိုတင်လက်မှတ်တွေကို နိုဝင်ဘာ ၁၇ ရက်နေ့မှာ စတင်ရောင်းချပေးမယ်

အထူးတန်း ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး ရိုးရိုးတန်းအတွက် ၃၀၀၀ ကျပ် ဖြစ်ပါတယ်။

play

 

ဆူဇူကီးဖလား ပြိုင်ပွဲအတွက် ကြိုတင်လက်မှတ်တွေကို နိုဝင်ဘာလ ၁၇ ရက်မှာ  စတင်ရောင်းချပေးသွားမှာဖြစ်ပြီး  လာရောက်ဝယ်ယူသူတွေရဲ့ မှတ်ပုံတင်တွေကို ကွန်ပျူတာ မှတ်ပုံတင်ခြင်းစနစ်နဲ့ မှတ်တမ်းတင်ထားမှာဖြစ်ကာ မှတ်ပုံတင်တစ်ခုကို လက်မှတ် (၂)စောင်သာ ဝယ်ယူခွင့်ရမှာ ဖြစ်ပါတယ်။

လက်မှတ်ဈေးနှုန်းအဖြစ် တစ်ရက်စာ (၂)ပွဲအတွက် အထူးတန်း ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး ရိုးရိုးတန်းအတွက် ၃၀၀၀ ကျပ် ဖြစ်ပါတယ်။ တစ်ရက်ခြင်းအပြင် Package လိုက်ပါ ဝယ်လို့ရပြီး  သုံးရက်စာ လက်မှတ်သုံးစောင်ကို အထူးတန်း ၁၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၉၀၀၀ ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။  တစ်ရက်ခြင်းစီအတွက် လက်မှတ်တွေကို ပွဲနေ့မတိုင်မီမှာ ကြိုတင်ရောင်းချမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၀ ရက် ဗီယက်နမ်ပွဲစဉ်အတွက် လက်မှတ်များကို ၁၇၊ ၁၈၊ ၁၉ ရက်၊

နိုဝင်ဘာလ ၂၃ ရက် ကမ္ဘောဒီးယားပွဲစဉ်အတွက် လက်မှတ်များကို ၂၁၊ ၂၂ ရက်

နိုဝင်ဘာလ ၂၆ ရက် မလေးရှားပွဲစဉ်အတွက် လက်မှတ်များကို ၂၄၊ ၂၅ ရက်တွေမှာ ကြိုတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

လက်မှတ် ကြိုတင်ရောင်းချမှုတွေကို မြန်မာပလာဇာ၊ အောင်ဆန်းကွင်း အထူးတန်းဝင်ပေါက်၊ ပဒုမ္မာကွင်း အထူးတန်း ဝင်ပေါက်နဲ့ သုဝဏ္ဏကွင်း အသင်းတိုက် မှတ်တိုင်ဘက်ခြမ်း (ပြွန်လမ်း) ဂိတ်ပေါက်နဲ့ ဝေဇယန္တာလမ်းဘက်ခြမ်း ဝင်ပေါက်တွေမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Photos & Source: Myanmar Football Federation

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ