Local Sports: ဂျပန်မှာ ကျင်းပမယ့် ရိုးရာလက်ဝှေ့ပွဲရဲ့ ဝင်ကြေးအားလုံးကို ငလျင်ဒဏ်သင့် ပုဂံဘုရားတွေအတွက် လှူမယ်

ဂျပန်ကပွဲစီစဉ်သူတွေ လာကြည့်ရာက ပုဂံဘုရားတွေကို မြင်ခဲ့ပြီး လှူဒါန်းချင်တယ်လို့ပြောခဲ့တာဖြစ်တယ်။

play

 

ဂျပန်နိုင်ငံမှာ  ဒုတိယအကြိမ် ကျင်းပမယ့် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲက ရရှိတဲ့ ဝင်ကြေးအားလုံးကို ပုဂံက ငလျင်ဒဏ်ခံရတဲ့ စေတီပုထိုးတွေအတွက် လှူဒါန်းမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွင်း ပုဂံမှာလုပ်ခဲ့တဲ့ မျိုးဆက်သစ်ရိုးရာ လက်ဝှေ့ပွဲကို ဂျပန်ကပွဲစီစဉ်သူတွေ လာကြည့်ရာက ပုဂံဘုရားတွေကို မြင်ခဲ့ပြီး လှူဒါန်းချင်တယ်လို့ပြောခဲ့တာဖြစ်တယ်လို့ ပွဲစီစဉ်သူ ဦးဝဏ္ဏက ပြောကြားပါတယ်။  ဒါကြောင့် ဒုတိယအကြိမ် ကျင်းပမယ့် လက်ဝှေ့ပွဲက ဝင်ကြေးတွေ အားလုံးကို ပုဂံဘုရားတွေအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့  ဦးဝဏ္ဏက ပြောပါတယ်။

၂၀၁၇၊ ဖေဖော်ဝါရီ ၁၆ ရက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပမယ့် အဆိုပါ မြန်မာရိုးရာလက်ဝှေ့ပြိုင်ပွဲကို  Letwhei GP In Japan 2017 လို့ပေးထားပြီး   မြန်မာမီဒီယာဂရု(ပ်)နဲ့ ဂျပန်အခြေစိုက် Zero-1 Entertainment တို့ ပူးပေါင်းစီစဉ်တာ ဖြစ်ပါတယ်။

တွဲဆိုင်းခြောက်ဆိုင်းနဲ့ ကျင်းပဖို့ စီစဉ်ထားပြီး အထူးတွဲဆိုင်းအဖြစ် အမျိုးသမီးပွဲစဉ်မှာ ဂျပန်နပန်းသမား မိုမိုကိုနဲ့ မြန်မာ့ရိုးရာလက်ဝှေ့မယ် ရွှေစင်မင်းတို့ ပွဲစဉ် ပါဝင်မှာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily, မြန်မာ့ရိုးရာလက်ဝှေ့အစည်းအရုံး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ