Local Sports: ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်းရဲ့ အပြီးသတ်လူစာရင်းကို ဒီနေ့ထုတ်ပြန်မယ်

အပြီးသတ်လူစာရင်း ၂၃ ဦးအတွက် လက်ရှိပဏာမ ကစားသမားစာရင်းကနေ တစ်ဦးကို လျှောချရမှာ ဖြစ်ပါတယ်။

play

 

ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲဝင်မယ့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းရဲ့ အပြီးသတ် ကစားသမား ၂၃ ဦး စာရင်းကို နိုဝင်ဘာ ၁၉ ရက်(ယနေ့)မှာ ထုတ်ပြန်မှာဖြစ်ပြီး မြန်မာပါဝင်တဲ့ ဆူဇူကီးဖလား အုပ်စု(ခ)ပွဲစဉ်တွေကို နိုဝင်ဘာ ၂၀ ရက်မှ စတင်မှာဖြစ်တာကြောင့် အိမ်ရှင်မြန်မာအသင်းဟာ ပြိုင်ပွဲမတိုင်မီ တစ်ရက်အလိုမှသာ အပြီးသတ်ကစားသမားစာရင်း ထုတ်ပြန်တာဖြစ်ပါတယ်။

အိုမန်အသင်းနဲ့ ခြေစမ်းပွဲကစားစဉ်က ခြေသလုံးကြွက်သား ဒဏ်ရာရရှိခဲ့တဲ့ နောက်ခံလူ ဖြိုးကိုကိုသိန်းရဲ့ ဒဏ်ရာအခြေအနေကို စောင့်ကြည့်နေခြင်းကြောင့် အပြီးသတ်လူစာရင်းကို ပြိုင်ပွဲမတိုင်မီ နောက်ဆုံးရက်မှသာ ထုတ်ပြန်ခြင်းဖြစ်တယ်လို့  လက်ရွေးစင်အသင်း တာဝန်ရှိသူတစ်ဦးက ပြောထားကြောင်း 7Day Daily ရဲ့သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ဟာ အပြီးသတ်လူစာရင်း ၂၃ ဦးအတွက် လက်ရှိပဏာမ ကစားသမားစာရင်းကနေ တစ်ဦးကို လျှောချရမှာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ