Local Sports: မြန်မာအမျိုးသမီးလိဂ်ဘောလုံးပြိုင်ပွဲ အသင်းခြောက်သင်းနဲ့ ဒီဇင်ဘာ ၁ ရက်မှာစမယ်

ပွဲစဉ်တွေအားလုံးကို အောင်ဆန်းကွင်းမှာ ကျင်းပသွားမှာပါ။

play

 

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမယ့် ၂၀၁၆ အမျိုးသမီးလိဂ်ဘောလုံး ပြိုင်ပွဲကို ပြိုင်ပွဲဝင်ခြောက်သင်းနဲ့ ဒီဇင်ဘာ ၁ ရက်မှာ စတင်ကျင်းပသွားမယ်လို့ အမျိုးသမီးလိဂ်ပြိုင်ပွဲကျင်းပရေး ကော်မတီအတွင်းရေးမှူး ဦးထွန်းထွန်းလင်းက ပြောပါတယ်။

နှစ်ကျော့ယှဉ်ပြိုင်ရမယ့် ဒီပြိုင်ပွဲမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအသင်း၊ အား/ကာသိပ္ပံ၊ မြ၀တီ၊ ဂန္ဓမာ၊ ဇွဲကပင်နဲ့ ပညာရေးအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ကာ  ပွဲစဉ်တွေအားလုံးကို အောင်ဆန်းကွင်းမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အနေနဲ့ ဒီဇင်ဘာ ၁ ရက်မှာ အား/ကာသိပ္ပံနှင့် မြ၀တီအသင်းတို့ ယှဉ်ပြိုင်ကစားကြမယ်လို့ သိရပါတယ်။

အမျိုးသမီးလိဂ်ပြိုင်ပွဲ ပထမ အကျော့ပွဲစဉ် (၁)ကို ဒီဇင်ဘာ ၁၊ ၂၊ ၃ ရက်တွေနဲ့  ပွဲစဉ် (၂) ကို ဒီဇင်ဘာ ၇၊ ၈၊ ၉ ရက်တွေမှာ ကျင်းပမည်ဖြစ်ပြီး ဒီကာလနောက်ပိုင်းမှာ  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနဲ့ ယူ-၁၉ လက်ရွေးစင်အမျိုးသမီးအသင်းတို့ရဲ့ နိုင်ငံတကာပြိုင်ပွဲတွေကြောင့် လိဂ်ပြိုင်ပွဲကို ရပ်နားမှာဖြစ်ပြီး ၂၀၁၇ ဧပြီလကုန်တွင် ပြန်လည်ကျင်းပမယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ