Local Sports: ဆူဇူကီးဖလားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်း

ဆူဇူကီးဖလားဟာ အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာ အမြင့်ဆုံးဖလားလည်းဖြစ်ပါတယ်။

play

ယခုနှစ် ဆူဇူကီးဖလား ပြိုင်ပွဲဝင်မယ့် မြန်မာ့လက်ရွေးစင်အသင်းရဲ့ အပြီးသတ်လူစာရင်းကို မြန်မာဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါပြီ။ အိုမန်အသင်းနဲ့ ခြေစမ်းပွဲမှာ ခြေသလုံးကြွက်သား ဒဏ်ရာရခဲ့တဲ့ နောက်တန်းကစားသမား ဖြိုးကိုကိုသိန်းရဲ့အခြေအနေကို စောင့်ကြည့်နေခဲ့တာကြောင့် ပြိုင်ပွဲမစမီ တစ်ရက်အလိုမှသာ ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ အပြီးသတ်လူစာရင်း ၂၃ ဦးမှာတော့ ကျော်ကိုကို ပါဝင်လာခြင်း မရှိတော့ပါဘူး။

မြန်မာ့လက်ရွေးစင်အသင်းဟာ ပါဝင်တဲ့ ဆူဇူကီးဖလား အုပ်စု(ခ) ပွဲစဉ်တွေကို နိုဝင်ဘာ ၂၀ မှာ စတင်မှာဖြစ်ပြီး မြန်မာအသင်းက ဗီယက်နမ်အသင်းနဲ့ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်း

ရှေ့တန်း - အောင်သူ၊ သန်းပိုင်၊ ဝင်းနိုင်စိုး၊ ဆန်လန်မန်၊ ကောင်းဆက်နိုင်

အလယ်တန်း - မျိုးကိုထွန်း၊ ရဲကိုဦး၊ ရန်အောင်ကျော်၊ မောင်မောင်လွင်၊ လှိုင်းဘိုဘို၊ ဇင်ဖြိုးအောင်၊ ရန်နိုင်ဦး၊ ဆက်ဖြိုးဝေ

နောက်တန်း - ဒေးဗစ်ထန်၊ ဇော်မင်းထွန်း၊ ဖြိုးကိုကိုသိန်း၊ နန္ဒကျော်၊ ကျော်ဇင်လွင်၊ ဝင်းမင်းထွဋ်၊ ဟိန်းသီဟဇော်

ဂိုး - ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးအောင်၊ ရန်အောင်လင်း

Source : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ