Local Sports: တစ်ဦးချင်း အမှားတွေကြောင့် ရှုံးနိမ့်ရတာဖြစ်ကြောင်း မြန်မာနည်းပြ ဂတ်ဇီဆီပြော

ဒုတိယပိုင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမဲ့  ကစာသမားအချိုရဲ့ တစ်ဦးချင်းအမှားတွေဟာ ကိုယ့်ကိုယ်ကိုသတ်နေသလိုဖြစ်တယ်။

play

 

ကစားသမားအချို့ရဲ့ တစ်ဦးချင်းအမှားတွေကြောင့်  ဂိုးတွေပေးရပြီး ရှုံးနိမ့်ရတာဖြစ်တယ်လို့ မြန်မာနည်းပြ ဂတ်ဇီဆီက ဗီယက်နမ်ကိုရှုံးနိမ့်အပြီးမှာ ပြောကြားလိုက်တယ်လို့ သိရပါတယ်။

play

 

ဒုတိယပိုင်းမှာ ခြေစွမ်းပြသနိုင်ခဲ့ပေမဲ့  ကစာသမားအချိုရဲ့ တစ်ဦးချင်းအမှားတွေဟာ ကိုယ့်ကိုယ်ကိုသတ်နေသလိုဖြစ်တယ်လို့ မြန်မာနည်းပြဂတ်ဇီဆီက ပွဲအပြီးမှာ ပြောကြားထားတာ ဖြစ်ကြောင်း DVB ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။ အုပ်စုဒုတိယပွဲစဉ်ဖြစ်တဲ့ ကမ္ဘောဒီးယားအသင်းနဲ့ ပွဲမှာ ကစားသမားစာရင်းကို အပြောင်းအလဲပြုလုပ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

play

 

မြန်မာအသင်းနဲ့ပွဲဟာ ပွဲမစခင်ကပြောခဲ့တဲ့အတိုင်း ခက်ခက်ခဲခဲကစားခဲ့ရပြီး ကံကောင်းလို့ အနိုင်ရခဲ့တာဖြစ်တယ်လို့ ဗီယက်နမ်နည်းပြ ငုရင်ဟူသန်ကပြောထားကာ မြန်မာအသင်းတိုက်စစ်မှူး အောင်သူရဲ့ ခြေစွမ်းကိုလည်း ချီးကျူးခဲ့ကြောင်း သိရပါတယ်။

Photos & Source: DVB, လွှမ်းမိုးအောင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ