Local Sports: ဖိလစ်ပိုင်ကို သရေကျသောကြောင့် စင်္ကာပူနည်းပြ စိတ်ပျက်

၁၀ ယောက်နဲ့ကစားဖို့ဟာ ခက်ခဲတာ သိသာပါတယ်။

play

 

၂၀၁၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ပွဲဦးထွက်ပွဲစဉ်အဖြစ် ဖိလစ်ပိုင်နဲ့ ကစားရာမှာ သရေကျခဲ့တာကြောင့် စိတ်ပျက်မိတယ်လို့ စင်ကာပူနည်းပြ ဆွန်ဒရာမိုသီက ပြောကြားလိုက်ပါတယ်။

 စင်ကာပူအသင်းဟာ အဆိုပါပွဲမှာ  ကစားသမားတစ်ဦး ထုတ်ပယ်ခံခဲ့ရတာကြောင့် ဖိလစ်ပိုင်ကို တစ်ယောက်လျော့နဲ့ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ၁၀ ယောက်နဲ့ကစားဖို့ဟာ ခက်ခဲတာ သိသာပါတယ်လို့ စင်ကာပူနည်းပြ ဆွန်ဒရာမိုသီက ပြောကြားထားပါတယ်။ အဆိုပါပွဲမှာ  ဖိလစ်ပိုင်က ဂိုးပေါက်ကန်သွင်းမှု အကြိမ် (၂၀) အထိရှိခဲ့ပေမဲ့  စင်ကာပူဂိုးသမား ဟာဆန်ဆန်နီက အကောင်းဆုံးကာကွယ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အုပ်စု (က) အဖွင့်ပွဲစဉ်တွေမှာ ထိုင်းအသင်းက အင်ဒိုနီးရှားကို ၄-၂ ဂိုး အနိုင်ရကာ ရမှတ်သုံးမှတ်နဲ့ ဦးဆောင်ထားပြီး ဖိလစ်ပိုင်နဲ့ စင်္ကာပူက တစ်မှတ်စီနဲ့အင်ဒိုနီးရှားက ရမှတ်မရှိသေးပါဘူး။

Photos & Source: 7Day Daily, INQUIRER,Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ