Local Sports: ဒဂုံရွှေအောင်လံလုပွဲမှာ မြန်မာလက်ဝှေ့မယ်နဲ့ ဂျပန်နပန်းမယ် မိုမိုကိုယှဉ်ပြိုင်မယ်

အထူးပွဲစဉ်အဖြစ် ယှဉ်ပြိုင်သွားမှာပါ။

play

 

မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးကျင်းပမယ့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ Air KBZ  ဒဂုံရွှေအောင်လံလုပွဲမှာ အထူးပွဲအဖြစ် မြန်မာလက်ဝှေ့မယ် ရွှေစင်မင်းနဲ့ ဂျပန်နပန်းမယ် မိုမိုကိုတို့ ယှဉ်ပြိုင်မယ့် အမျိုးသမီးပွဲစဉ်ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။

‘‘ဒီနှစ် အောင်လံလုပွဲမှာ အရင်နှစ်တွေနဲ့မတူတဲ့ ထူးခြားတဲ့တင်ဆက်မှုတွေနဲ့ ကျင်းပသွားမှာပါ။ အနိုင်၊ အရှုံး ရလဒ်ထွက် ပေါ်ရင် ရွှေခါးပတ်ချီးမြှင့်မယ်။ ပူးတွဲသရေဆိုရင် ပူးတွဲချန်ပီယံ ရွှေတံဆိပ် ချီးမြှင့်မယ်။ ရွှေခါး ပတ်တော့ မချီးမြှင့်ဘူး’’လို့ ပွဲစီစဉ်သူ ဦးဝဏ္ဏက ပြောပါတယ်။

အောင်လံလုပွဲ (အမျိုးသား) ပွဲစဉ်တွေမှာ ငါးချီစိန်ခေါ်ပွဲတွေပဲ ထည့်သွင်းကျင်းပသွားမှာဖြစ်ပြီး မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းနဲ့ ကနေဒါလက်ဝှေ့သမား ဒေ့ဗ်လက်တပ်၊ ဖျံသွေးနဲ့ အီရန်လက်ဝှေ့သမားဟာဒီ၊ လွမ်ချိုင်းနဲ့ စိန်လုံးချော၊ ထွန်းမင်းနိုင်နဲ့ မိုက်သွေး၊ စွမ်းထက်နိုင်နဲ့ ဒေါင်းဖြူ၊ ရာမာဉ်နဲ့ ထက်အောင်ဦးတို့ ယှဉ်ပြိုင်ကြမှာဖြစ်ကာ အမျိုးသမီးအထူးလေးချီ စိန်ခေါ်ပွဲအနေနဲ့ ရွှေစင်မင်းနဲ့ ဂျပန်နပန်းမယ် မိုမိုကိုတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

အဆိုပါအာင်လံလုပွဲကို ဂျပန်နိုင်ငံကနေ မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲ စီစဉ်သူတွေ လာရောက်ကြည့်ရှုမှာဖြစ်ပြီး ၂ဝ၁၇ ဖေဖော်ဝါရီလမှာ ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပမယ့်  မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲအတွက် လက်ဝှေ့သမားတွေ ရွေးချယ်သွားမယ်လို့ သိရပါတယ်။

Source : 7DayDaily

Photo : Auung Naing Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ