Local Sports: ဆူဇူကီးဖလားပြိုင်ပွဲ ဆီမီးတက်ဖို့ မြန်မာအသင်း ကမ္ဘောဒီးယားကို အနိုင်ကစားဖို့ လိုအပ်နေ

နှစ်သင်းစလုံးအတွက် အရေးကြီးတဲ့ ပွဲစဉ်တစ်ခုဖြစ်ပါတယ်။

play

 

ဒီနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ပြုလုပ်မယ့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲရဲ့ အုပ်စု(ခ)ပွဲစဉ်တွေမှာ အိမ်ရှင်မြန်မာအသင်းအနေနဲ့ ကမ္ဘောဒီးယားအသင်းကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်။

မြန်မာအသင်းက နိုဝင်ဘာလ ၂၀ ရက်နေ့က ကစားခဲ့တဲ့ ဗီယက်နမ်အသင်းနဲ့ ပွဲစဉ်မှာ ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ထားပြီး အုပ်စုတွင်း ပြိုင်ဘက်ဖြစ်တဲ့ မလေးရှားအသင်းက ကမ္ဘောဒီးယားအသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရထားလို့ မြန်မာအသင်းအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ ဒီနေ့ပွဲက အရေးကြီးတဲ့ပွဲစဉ်တစ်ခုဖြစ်နေပါတယ်။

play

 

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့နည်းပြချုပ် မစ္စတာ ဂတ်ဆီဇီကတော့  ကမ္ဘောဒီးယားနဲ့ ပွဲမှာ အနိုင်သုံးမှတ်အရယူသွားမယ်လို့ နိုဝင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ဒီနေ့ကစားမယ့်ပွဲစဉ်က မြန်မာနဲ့ကမ္ဘောဒီးယားနှစ်သင်းစလုံးအတွက် နောက်တစ်ဆင့်တက်နိုင်ဖို့ အရေးကြီးဆုံးပွဲစဉ်ဖြစ်လို့ နှစ်သင်းစလုံး ရေကုန်ရေခန်းကစားရမယ့် အခြေနေမှာရှိနေပြီး ကမ္ဘောဒီးယားအသင်းနည်းပြချုပ် မစ္စတာလီတေးဟွန်းကလည်း သူတို့အသင်း ဆီမီးဖိုင်နယ်တက်ရောက်ခွင့်အတွက် အစွမ်းကုန် ကြိုးစားသွားမယ်လို့ ပြောထားပါတယ်။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ