Local Sports: ရခိုင်ပြည်အရေးကြောင့် ဆူဇူကီးဖလားကို မလေးရှား သပိတ်မှောက်ရန် စီစဉ်နေ

မြန်မာနဲ့ မလေးရှားက အုပ်စုနောက်ဆုံးပွဲစဉ်တွေ့ဆုံရဦးမှာ ဖြစ်ပါတယ်။

play

 

ရခိုင်ပြည်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေအတွက် မြန်မာနိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့  ဆူဇူကီးဘောလုံးပြိုင်ပွဲကို သပိတ်မှောက်ဖို့ မလေးရှားလူငယ်နှင့် အားကစားရေးရာဝန်ကြီး ခိုင်ရီဂျမာလက်ဒင်က တောင်းဆိုလိုက်လိုက်ပါတယ်။

play

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကျင်းပခဲ့တဲ့ မလေးရှားအစိုးရ အဖွဲ့ဝင်များအစည်းအဝေးမှာ ခိုင်ရီက ဒီကိစ္စကို တင်သွားခဲ့တာဖြစ်ပြီး ယခုတစ်ပတ်အစည်းအဝေးမှာလည်း ထပ်ပြီးဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ " အစိုးရအဖွဲ့ အစည်းအဝေးမှာ ဒီကိစ္စကို ကျွန်တော်ဆွေးနွေးခဲ့ပါတယ်။ အခုလည်း ဆက်ပြီးဆွေးနွေးသွားမှာပါ။ လမ်းညွှန်ဆုံးဖြတ်ချက်အတိုင်း ဆက်ပြီး လုပ်သွားပါမယ်" လို့ ခိုင်ရီက သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးသားခဲ့ပါတယ်။

play

 

လက်ရှိနှစ်ပွဲစီ ကစားပြီးချိန်မှာ ဆူဇူကီးဖလား အုပ်စု(ခ)အတွင်း မလေးရှားအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံးရလဒ်နဲ့ အုပ်စု တတိယနေရာမှာ ရပ်တည်လျှက်ရှိပါတယ်။ လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ မြန်မာနဲ့ မလေးရှားအသင်း နောက်ဆုံး အုပ်စုပွဲစဉ် ကစားရမှာဖြစ်ပြီး အနိုင်ရတဲ့အသင်းက နောက်တဆင့်ကို တက်ရောက်မှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အရေးနဲ့ပတ်သတ်ပြီး မလေးရှားဝန်ကြီးမတိုင်ခင် မလေးရှား စာရေးစရာ၊ ဟောပြောသူတစ်ဦးဖြစ်တဲ့ ဒေါက်တာ အက်စရီကလည်း ဝေဖန်ထားပါသေးတယ်။ "လူသားချင်း စာနာထောက်ထားမှု မရှိဘူးဆိုရင် အားကစားရဲ့အဓိပ္ပါယ်က ဘာလဲ ကျွန်တော့်ကို ပြောပြပါဦး" ဆိုပြီးအက်စရီက အားကစားနဲ့ နိုင်ငံရေး၊ လူမျိုးရေး ဆက်နွယ်ကာ ဝေဖန်ခဲ့ပြီးနောက်ပိုင်း အားကစားဝန်ကြီး ခိုင်ရီကပါ ဘောလုံးပွဲကို ဆန့်ကျင်ဖို့ တိုက်တွန်းလာတာ ဖြစ်ပါတယ်။

Source : themalayonline.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ