Local Sports: ပြိုင်ပွဲက ထွက်ရင် အရေးယူခံရမယ်လို့ မလေးရှားအသင်းကို အာရှဘောလုံးအဖွဲ့ချုပ် သတိပေး

ဆန္ဒပြချင်တယ်ဆိုရင် ပြလို့ရတဲ့ အခြားနည်းလမ်းတွေ အများကြီးရှိတယ်လို့  အာရှဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက ပြောကြားထားပါတယ်။

play

 

မလေးရှားအသင်းကို ဆန္ဒပြတာမလုပ်ဖို့ အာရှဘောလုံးအဖွဲ့ချုပ်က တိုက်တွန်းလိုက်ပြီး ဆက်မပြိုင်ဘူးဆိုရင် နောင်ပြိုင်ပွဲတွေမှာ လက်ရွေးစင်အသင်းကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်သွားမှာ ဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။

မလေးရှားအနေနဲ့ အုပ်စုနောက်ဆုံးပွဲ မကစားဘဲ ဆန္ဒပြခဲ့မယ်ဆိုရင် အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ နောင်လာမယ့် ဆူဇူကီးဖလားပြိုင်ပွဲ နှစ်ကြိမ်တိုင် ပိတ်ပင်ခံရမှာဖြစ်တယ်လို့ အာရှဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒါတွတ်အဇူဒင်က နိုဝင်ဘာ ၂၄ ရက်က ပြောကြားလိုက်ပါတယ်။

ဘောလုံးပြိုင်ပွဲမှာ ဒါတွေ ယူမလာစေချင်ကြောင်းနဲ့ မလေးရှားအနေနဲ့ ဆန္ဒပြချင်တယ်ဆိုရင် ပြလို့ရတဲ့ အခြားနည်းလမ်းတွေ အများကြီးရှိတယ်လို့  ဒါတွတ်အဇူဒင်က ပြောကြားထားပါတယ်။

ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေအပေါ် မြန်မာအစိုးရရဲ့ ပြုမူဆက်ဆံနေမှုတွေကို  သပိတ်မှောက် ဆန္ဒဖော်ထုတ်တဲ့အနေနဲ့ ဆူဇူကီးပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ခြင်းမပြုဖို့ မလေးရှားလူငယ်နှင့်အားကစားဝန်ကြီးက ပြောကြားကြောင်း မလေးရှားနဲ့ နိုင်ငံခြားမီဒီယာအချို့က ဖော်ပြခဲ့ပါတယ်။

Source: 7Day Daily
Photos: asiana.my

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ