Local Sports: မြန်မာအသင်းနဲ့နောက်ဆုံးပွဲ မလေးရှားအသင်း ဆက်ကစားမယ်

ပြိုင်ပွဲကနေ နူတ်ထွက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

play
မလေးရှားအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်နေစဉ်။

 

မြန်မာနိုင်ငံက ဘင်္ဂါလီတွေကို ပြုမှုဆက်ဆံတဲ့ပုံတွေကို ဆန္ဒပြတဲ့အနေနဲ့ ဆူဇူကီးဖလားပြိုင်ပွဲကနေ မလေးရှားအသင်းထွက်ဖို့ ပြင်ဆင်နေတာတွေက မဟုတ်မှန်ဘဲ  မြန်မာအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ဆူဇူကီးဖလား အုပ်စုနောက်ဆုံးပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

မလေးရှားအသင်းပြိုင်ပွဲကနေ ထွက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အာဆီယံဘောလုံး အဖွဲ့ချုပ်နဲ့ မလေးရှားအသင်း မန်နေဂျာတို့ကို မေးမြန်ခဲ့ရာမှာ အာဆီယံဆူဇူကီးဖလားကို ဆက်လက်ပြိုင်ပွဲဝင်မယ်လို့ ပြန်လည်အကြောင်းကြားခဲ့တယ်လို့ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးက ပြောပါတယ်။

play

 

‘‘မလေးရှားအသင်းက ပြိုင်ပွဲမှာ ဆက်ပြီးနေမှာပါ။ ဘာကြောင့် ပြိုင်ပွဲကနေ နုတ်ထွက်ရမှာလဲ’’လို့ မလေးရှားအသင်း မန်နေဂျာ ဟာမီဒင်ဟာရီ မိုဟာမက်အမင်က နိုဝင်ဘာ ၂၃ ရက်မှာ ပြောထားပါတယ်။

ဘောလုံးအားကစားက နိုင်ငံရေးနဲ့ ရောထွေးလို့မရတာကြောင့် မလေးရှားအသင်းအနေနဲ့ ဆူဇူကီးဖလားပြိုင်ပွဲကနေ နုတ်ထွက်မှာမဟုတ်ဘူးလို့ မလေးရှားဘောလုံးအသင်းမန်နေဂျာ ဒါတိုဟာမီဒင်က မလေးရှားလက်ရွေးစင် ဘောလုံးအသင်းရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်စာမျက်နှာ ပြောဆိုထားပါတယ်။

မလေးရှားအသင်းနဲ့ မြန်မာအသင်းက နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး မလေးရှားအသင်းကအနိုင်ရရှိမှပဲ အကြိုဗိုလ်လုပွဲ တက်ရောက်ခွင့်ရမှာဖြစ်ကာ မြန်မာအသင်းက သရေကျရုံနဲ့ အကြိုဗိုလ်လုပွဲတက်ရောက်ခွင့် ရရှိမှာဖြစ်ပါတယ်။

Source : DVB,7DayDaily

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ