Local Sports: မလေးရှားနဲ့ ပွဲအပြီး နည်းပြကြီး ဂတ်ဖရိုင်းဒရစ် ဘာပြောလဲ

မျိုးကိုထွန်းနဲ့ပတ်သက်ပြီးတော့လည်း နည်းပြကြီးက မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

play

 

ဆူဇူကီးဖလား အုပ်စုတွင်းပွဲစဉ်တွေမှာ မြန်မာအသင်းဟာ မလေးရှားနဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းကို ရရှိခဲ့ပြီး ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ မလေးရှားနဲ့ပွဲမှာ မြန်မာအသင်းဟာ ကစားပုံတော်တော်ကောင်းပြီး အထူးသဖြင့်ပထမပိုင်းကစားကွက်ဟာ ကောင်းမွန်တယ်လို့ နည်းပြကြီး ဂတ်ဖရိုင်းဒရစ်က ပြောကြားခဲ့ပါတယ်။

play

 

ပင်နယ်တီတွေမဝင်တာ၊ ဂိုးဘားတန်းထိထွက်ခဲ့တာတွေကြောင့် ကံမကောင်းဘူးလို့ ထင်ခဲ့မိပေမဲ့ နောက်ဆုံးချိန်မှာ ဒေးဗစ်ထန်းရဲ့ ဂိုးကြောင့် အတိုင်းမသိ ဝမ်းသားခဲ့ရတယ်လို့လည်း နည်းပြကြီး ဂတ်ဖရိုင်းဒရစ်က ပြောပါတယ်။ မျိုးကိုထွန်းနဲ့ပတ်သက်ပြီးတော့လည်း နည်းပြကြီးက မှတ်ချက်ပြုပြောကြားခဲ့ပြီး မျိုးကိုထွန်းရဲ့ ကစားအားဟာ တော်တော်လေး သိသာခဲ့တယ်လို့ ဆိုပါတယ်။

play

 

ကွင်းလယ်အဖျက်မှာ တကယ်ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားဖြစ်ပြီး နည်းစနစ်ကို ပိုပြီး လိုက်နိုင်တယ်လို့ နည်းပြကြီးက ပြောထားပါတယ်။

Source: 7Day Daily
Photos :MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ