Local Sports: နည်းပြကြီး ဂတ်ဖရိုင်းဒရစ်ကို နှစ်နှစ်စာချုပ် သက်တမ်းတိုးမယ်

မြန်မာပြည်မှာ နေလာတာလည်း ခြောက်နှစ်ရှိပြီဖြစ်တာကြောင့် မြန်မာနိုင်ငံသားတစ်ဝက်တောင် ဖြစ်နေပါပြီ။

play

 

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ ဂျာမနီနည်းပြကြီး ဂတ်ဖရိုင်းဒရစ်ကို ၂ နှစ် သက်တမ်းတိုးစာချုပ်ချုပ်ဆိုမယ်လို့ သိရပါတယ်။

ဂတ်ဖရိုင်းဒရစ်ရဲ့ စာချုပ်သက်တမ်းဟာ ယခုနှစ် ဒီဇင်ဘာလကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး  စာချုပ်သက်တမ်းတိုးမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းကပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

စာချုပ်သက်တမ်းတိုးဖို့ကိစ္စက နည်းပြကြီးနဲ့ မဆွေးနွေးရသေးပေမဲ့ ၂ နှစ်သက်တမ်းတိုး ချုပ်ဆိုသွားမယ်လို့ ဦးကိုကိုသိန်းကပြောကြားထားတာ ဖြစ်ပါတယ်။

 မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကို ၁၂ နှစ်ကြာဝေးကွာနေတဲ့ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အကြိုဗိုလ်လုပွဲ အဆင့်ကို ရောက်ရှိအောင်  ဂျာမနီနည်းပြကြီး ဂတ်ဖရိုင်းဒရစ်က စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

စာချုပ်သက်တမ်းကိစ္စကို လောလောဆယ် မစဉ်းစားချင်သေးဘဲ ထိုင်းနဲ့ ဆီမီးဖိုင်နယ်ပွဲကိုသာ အာရုံစိုက်ထားပြီး  မြန်မာပြည်မှာ နေလာတာလည်း ခြောက်နှစ်ရှိပြီဖြစ်တာကြောင့် မြန်မာနိုင်ငံသားတစ်ဝက်တောင် ဖြစ်နေပါပြီလို့ ဂတ်ဖရိုင်းဒရစ်က ပြောကြားပါတယ်။

Source: 7Day Daily
Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ