Local Sports: ထိုင်းအသင်းနဲ့ ကစားရမယ့် အကြိုဗိုလ်လုပွဲကို အများကြီးမမျှော်လင့်ထားဖို့ မြန်မာနည်းပြချုပ်ပြော

ထိုင်းအသင်းကို ကစားရတာခက်ခဲနိုင်တယ်လို့ ဆိုပါတယ်။

၂၀၁၄ အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲတွင် မြန်မာနှင့် ထိုင်းအသင်းတို့တွေ့ဆုံခဲ့သည့် ဗီဒီယို။

လာမယ့် ဒီဇင်ဘာလ ၄ ရက်နေ့မှာ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ဆူဇူကီးဖလား အကြိုဗိုလ်လုပွဲကို မြန်မာပရိသတ်တွေအနေနဲ့ အများကြီး မျှော်လင့်မထားကြဖို့ မြန်မာနည်းပြချုပ် ဂတ်ဇီဆီက ပြောကြားလိုက်ပါတယ်။

ထိုင်းလက်ရွေးစင်ဘောလုံးအသင်းက အာဆီယံဒေသတွင်းမှာ အတောင့်တင်းဆုံးအသင်းဖြစ်လို့ ကစားရတာခက်ခဲနိုင်ပြီး အကောင်းဆုံးကြိုးစားပြင်ဆင်မှာဖြစ်ပေမဲ့ အများကြီး မျှော်လင့်ထားလို့ မရဘူးလို့ မြန်မာနည်းပြ ဂတ်ဇီဆီက ပြောခဲ့တာပါ။

play

 

မြန်မာအသင်းအနေနဲ့ ထိုင်းအသင်းကို အနိုင်ရဖို့ မလွယ်ကူပေမဲ့ ပရိသတ်တွေအတွက် ပျော်ရွှင်မှုတွေ ရယူပေးချင်လို့ ပြင်ဆင်မှုတွေ သေသေချာချာပြုလုပ်သွားမယ်လို့လည်း မြန်မာနည်းပြ ဂတ်ဇီဆီက ပြောပါတယ်။

မြန်မာအသင်းနဲ့ ထိုင်းအသင်းတို့ဟာ ၂၀၁၂ နဲ့ ၂၀၁၄ ဆူဇူကီးဖလားပြိုင်ပွဲတွေရဲ့ အုပ်စုပွဲစဉ်တွေမှာ တွေ့ဆုံခဲ့ဖူးပြီး ၂၀၁၂ ခုနှစ်ပြိုင်ပွဲမှာ ၄ ဂိုး ဂိုးမရှိ၊ ၂၀၁၄ ပြိုင်ပွဲမှာ ၂ ဂိုး ဂိုးမရှိ ရလဒ်တွေနဲ့ ထိုင်းအသင်းက အနိုင်ရခဲ့ပါတယ်။

Source : DVB

Photo : MFF

Video : Youtube

ဆူဇူကီးဖလား အကြိုဗိုလ်လုပွဲမှာ မြန်မာအသင်းက ထိုင်းအသင်းကို..???»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ