Local Sports: တူးတူး လက်သီးချက်ကြောင့် ပီရူးလက်ဝှေ့သမား မက်တီယို နှာခေါင်းဒဏ်ရာ ခြောက်ချက်ချုပ်ရ

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကို သွားခဲ့ရတယ်။

play

 

 မြန်မာ-ပီရူး ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲမှာ တူးတူးက ပြိုင်ဘက်မွေထိုင်းချန်ပီယံ ပီရူးနိုင်ငံသား မက်တီယိုကို တတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရရှိခဲ့ပြီးတူးတူးရဲ့ လက်သီးချက်ကြောင့် နှာခေါင်းကွဲဒဏ်ရာရရှိကာ ခြောက်ချက်ချုပ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံမှာ ကျင်းပခဲ့တဲ့ အဆိုပါပွဲမှာ တူးတူးရဲ့ လက်သီးထိုးချက်တွေကြောင့် ဒုတိယအချီမှာ မက်တီယို မျက်ခုံးကွဲ အနားတောင်းခဲ့ရပြီး တတိယအချီမှာတော့  တူးတူးရဲ့ လက်သီးချက်ကြောင့် မက်တီယိုရဲ့ နှာခေါင်းမှာ ဒဏ်ရာရရှိကာ ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့တာ ဖြစ်ပါတယ်။

မက်တီယိုရဲ့ဒဏ်ရာက နည်းနည်း နက်သွားတဲ့အတွက် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကို သွားခဲ့ရပြီး နှာခေါင်းအရိုးနားထိ ရောက်သွားတဲ့အတွက် နှာခေါင်းအထဲမှာရော အပြင်မှာပါ ချုပ်ခဲ့ရကာ ခြောက်ချက်လောက် ရှိတယ်လို့  ပွဲစီစဉ်သူတစ်ဦးက ပြောပါတယ်။

Photos & Source: 7Day Daily,  မြန်မာ့ရိုးရာလက်ဝှေ့အစည်းအရုံး

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ