Local Sports: ဒေ့လဗ်နဲ့ ဒုတိယအကြိမ်ပြိုင်မယ့်ပွဲမှာ ခံစစ်အသားပေးမယ်လို့ ထွန်းထွန်းမင်းပြော

မောနေပြီဆိုတော့မှ တိုက်စစ်ဖွင့်ကစားမယ်။

play

 

ကနေဒါလက်ဝှေ့သမား ဒေ့ဗ်လဗ်နဲ့ ဒုတိယအကြိမ် ယှဉ်ပြိုင်မယ့်ပွဲမှာ  ခံစစ်အသားပေးပုံစံနဲ့ ပြောင်းလဲယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်းက ပြောထားပါတယ်။

ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံမှာ တတိယအကြိမ်မြောက် Air KBZ ဒဂုံရွှေအောင်လံလုပွဲအဖြစ် ဒီဇင်ဘာ ၁၁ ရက်မှာ ကျင်းပမှာဖြစ်ပြီး အဓိကပွဲစဉ်တွေအဖြစ် ထွန်းထွန်းမင်းနဲ့ မွေထိုင်းချန်ပီယံ ဒေ့ဗ်လက်တပ်တို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။   

ကစားပုံကို ပြောင်းလဲပြီး ကစားမှရမှာဖြစ်ပြီး  တိုက်စစ်အကုန်ဖွင့် ကစားတဲ့အခါ သုံးချီလောက်အထိပဲ တောင့်ခံနိုင်တယ်လို့ ထွန်းထွန်းမင်းက ပြောထားပါတယ်။  ပြိုင်ဘက်က အရပ်ရှည်တဲ့အတွက် မောတဲ့အချိန်ကို စောင့်ပြီး မောနေပြီဆိုတော့မှ တိုက်စစ်ဖွင့်ကစားမယ်လို့ ထွန်းထွန်းမင်းကပြောထားပါတယ်။

Air KBZ ဒဂုံရွှေအောင်လံလုပွဲမှာ  ငါးချီစိန်ခေါ်ပွဲတွေအဖြစ် ထွန်းထွန်းမင်းနဲ့ ဒေ့ဗ်လက်တပ်၊ ဖျံသွေး နဲ့ အီရန်နိုင်ငံသား ဟာဒီ၊ လွမ်ချိုင်းနဲ့ စိန်လုံးချော၊ ထွန်းမင်းနိုင်နဲ့ မိုက်သွေး၊ စွမ်းထက်နိုင်နဲ့ ဒေါင်းဖြူ၊ ရာမာဉ်နဲ့ ထက်အောင်ဦးတို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အမျိုးသမီး အထူးလေးချီ စိန်ခေါ်ပွဲအဖြစ် မြန်မာ့လက်ဝှေ့ မယ် ရွှေစင်မင်းနဲ့ ဂျပန်နပန်းမယ် မိုမိုကိုတို့လည်း ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ