Local Sports: ပထမအကျော့ ပွဲစဉ်တွင် အဝေးဂိုးရဖို့ အဓိကဟု ထိုင်းတိုက်စစ်မှူး ပြော

မြန်မာနဲ့ ထိုင်း ဆီမီးဖိုင်နယ် ပထမအကျော့ကို သုဝဏ္ဏကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။

play

 

မြန်မာအသင်းနဲ့ ပထမအကျော့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ရမယ့် ဆူဇူကီးဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အဝေးဂိုးရဖို့ အဓိကထား ကစားသွားမယ်လို့ ထိုင်းအသင်းတိုက်စစ်မှူး ထီရာဆီးလ်က ပြောကြားလိုက်ပါတယ်။

ဆူဇူကီးဖလား လက်ရှိချန်ပီယံထိုင်းအသင်းဟာ အုပ်စု(အေ)မှာ သုံးပွဲလုံးအနိုင်ရကာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်မှာ ပထမအကျော့ကို မြန်မာအသင်းအိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး လာမယ့် ဒီဇင်ဘာ (၄) ရက်နေ့ရောက်ရင် သုဝဏ္ဏကွင်းမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

play

 

" ရလဒ်ကောင်းရဖို့ ကျွန်တော်တို့ ကြိုးစားရပါမယ်။ ဒါမှမဟုတ် အဝေးဂိုး ရဖို့ပေါ့။ အဝေးဂိုးက ကျွန်တော်တို့ ဒုတိယအကျော့ ကစားတဲ့အခါ အသာစီး ရစေမှာ ဖြစ်ပါတယ်။ မြန်မာနဲ့ထိုင်းပွဲစဉ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ကိုတော့ လာမယ့် ဒီဇင်ဘာ ၈ ရက်နေ့ဘန်ကောက်မှာ ပြန်ကစားရမှာပါ။

ထိုင်းအသင်းက အင်ဒိုနီးရှားကို ၄-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ  ထီရာဆီးလ်က ဟက်ထရစ်သွင်းယူခဲ့သူ ကစားသမား ဖြစ်ပါတယ်။ လက်ရှိ ဆူဇူကီးဖလား ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ