Local Sports: မြန်မာယူ-၂၂အသင်းနဲ့ ခြေစမ်းပွဲနှစ်ပွဲကို မလေးရှားဖျက်သိမ်း

ဘင်္ဂါလီ ကိစ္စနဲ့ပတ်သက်တဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့  ဆုံးဖြတ်ချက်တစ်ခုပဲ ဖြစ်တယ်။

play

 

ဘင်္ဂါလီတွေအရေး မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံကို ကန့်ကွက်တဲ့ အနေနဲ့ မလေးရှားယူ-၂၂အသင်းက မြန်မာယူ-၂၂အသင်းနဲ့ ခြေစမ်းဖို့ စီစဉ်ထားတဲ့ ချစ်ကြည်ရေးဘောလုံးပွဲ နှစ်ပွဲကို ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ခြေစမ်းပွဲနှစ်ပွဲကို ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး မလေးရှားဘောလုံးအသင်း ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားရာမှာ ဘင်္ဂါလီ ကိစ္စနဲ့ပတ်သက်တဲ့ နိုင်ငံရေးနဲ့ဆိုင်တဲ့  ဆုံးဖြတ်ချက်တစ်ခုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ အသေးစိတ်ပြောကြားဖို့ကိုတော့ အဆိုပါတာဝန်ရှိသူက ငြင်းဆိုခဲ့ပြီး ပွဲစဉ်နှစ်ပွဲကို ရန်ကုန်မြို့မှာ  ဒီဇင်ဘာ ၉ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

မလေးရှားဟာ ဆူဇူကီးဖလားပြိုင်ပွဲမှ နုတ်ထွက်ဖို့ စဉ်းစားနေတယ်လို့  ပြီးခဲ့တဲ့လက ပြောကြားခဲ့ပေမဲ့ နောက်ပိုင်းမှာ အစိုးရက မထွက်ဖို့  ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

Source: 7Day Daily, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ