Local Sports: မြန်မာ-ထိုင်း ဆီမီးဖိုင်နယ်ပွဲစဉ်လက်မှတ်တွေ လာရောက်ဝယ်ယူသူများပြား

ပွဲကစားမယ့် နေ့မှာတော့ သုဝဏ္ဏကွင်းမှာပဲ ရောင်းချမှာပါ။

play

 

လာမယ့် ဒီဇင်ဘာလ ၄ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် အာဆီယံ ဆူဇူကီး ဖလားပြိုင်ပွဲအတွက်ရောင်းချနေတဲ့ ကြိုတင်လက်မှတ်တွေကို လာရောက်ဝယ်ယူတဲ့သူတွေ များပြားခဲ့တယ်လို့ သိရပါတယ်။ လက်မှတ်တွေကို ဒီနေ့မနက် ၁၀ နာရီလောက်က  သုဝဏ္ဏအားကစားကွင်း၊ အောင်ဆန်း၊ ပဒုမ္မာကွင်းနဲ့ လှည်းတန်းစင်တာမှာ ရောင်းချပေးခဲ့ရာမှာ လာရောက်ဝယ်ယူသူများပြားခဲ့ပြီး အောင်ဆန်းကွင်း လက်မှတ် အရောင်းကောင်တာတွင် စနစ်မကျတဲ့ ၀ယ်ယူမှုတွေကြောင့် လက်မှတ်ရောင်းချတာတွေကို ခေတ္တ ရပ်ဆိုင်းခဲ့ရတယ်လို့ ဆိုပါတယ်။

play

 

အထူးတန်းလက်မှတ်လိုချင်သူတွေအတွက်လည်း ဒီဇင်ဘာလ ၃ရက်နေ့မှာ လက်မှတ်ခွဲတမ်းအရ ထပ်မံ ရောင်းချပေး သွားမယ်လို့သိရပြီး ရောင်းချမယ့် လက်မှတ်ခွဲတမ်းတွေကို မကြာခင်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။ မနက်ဖြန်မှာ ရောင်းချမယ့် လက်မှတ်အရေအတွက်တွေက သုဝဏ္ဏကွင်းမှာ အထူးတန်း (၅၀၀)စောင်၊ ရိုးရိုးတန်း (၂၀၀၀)စောင်၊ အောင်ဆန်းကွင်းမှာ အထူးတန်း (၃၀၀)စောင်၊ ရိုးရိုးတန်း (၁၀၀၀)စောင်၊ ပဒုမ္မာကွင်း - အထူးတန်း (၂၀၀)စောင်၊ ရိုးရိုးတန်း (၈၀၀)စောင်နဲ့ လှည်းတန်းစင်တာမှာ - အထူးတန်း (၅၀၀)၊ ရိုးရိုးတန်း (၁၅၀၀)စောင်ရောင်းချ ပေးသွားမှာ ဖြစ်ပြီး ပွဲကစားမယ့် နေ့မှာတော့  သုဝဏ္ဏကွင်းမှာပဲ မှတ်ပုံတင်တစ်ခုကို လက်မှတ်နှစ်စောင်နှုန်းနဲ့ ရောင်းချပေး သွားမယ်လို့ သိရပါတယ်။

Source & Photo : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ