Local Sports: ထိုင်းနောက်တန်းက အကောင်းဆုံးနောက်တန်းမဟုတ်ဘူးဆိုတဲ့ ဂတ်ဖရိုင်းဒရစ်

တစ်ခါတစ်ရံ ကစားသမားတွေဟာ မြန်မာလိဂ်မှာ ကစားနေသလိုမျိုး အာရုံစိုက်မှု လျော့ကျတာမျိုးတွေရှိတယ်။

play

 

ထိုင်းနောက်တန်းဟာ အကောင်းဆုံးနောက်တန်းလို့ သူမထင်ဘူးလို့ ပြည်တွင်းသတင်းစာကြီးတစ်စောင်နဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဂတ်ဖရိုင်းဒရစ်က ပြောကြားလိုက်ပါတယ်။

ထိုင်းအသင်းဟာ အသင်းလိုက်စုစည်းမှုကောင်းပြီး အဆုံးသတ်သေချာမှုရှိပေမဲ့ ထိုင်းနောက်တန်းက အကောင်းဆုံးနောက်တန်းမဟုတ်ဘူးလို့ 7Day Daily နဲ့ တွေ့ဆုံမှုမှာ ဂတ်ဖရိုင်းဒရစ်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ထိုင်းအသင်းကို ရင်ဆိုင်ဖို့ဆိုရင် ကွင်းလယ်ပိုင်း ဘောလုံးဆုံးရှုံးမှုကို ပြုပြင်နိုင်ဖို့လိုမှာ ဖြစ်ပြီး အချိန်ပြည့်အာရုံစူးစိုက်မှုရှိရာမှာ ဖြစ်တယ်လို့ ပြောကြားပါတယ်။

 တစ်ခါတစ်ရံ ကစားသမားတွေဟာ မြန်မာလိဂ်မှာ ကစားနေသလိုမျိုး အာရုံစိုက်မှု လျော့ကျတာမျိုးတွေရှိပြီး နိုင်ငံတကာပြိုင်ပွဲတစ်ရပ်ဖြစ်တာကြောင့် ဒီအချက်ကို မိနစ် ၉၀ ပြည့် သတိနဲ့ချဉ်းကပ်နေဖို့ လိုပါမယ်လို့လည်း ဂတ်ဖရိုင်းဒရစ်က မှတ်ချက်ပြု ပြောကြားပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ