Local Sports: မြန်မာ- ထိုင်းပွဲကို ဥဇဘက်ကစ္စတန်ဒိုင် တာဝန်ယူမယ်

မြန်မာနိုင်ငံမှာ လာရောက်တာဝန်ယူဖူးပါတယ်။

play

 

ဆူဇူကီးဖလား အကြို ဗိုလ်လုပွဲအဆင့် ပထမအကျော့ မြန်မာနဲ့ ထိုင်းအသင်းပွဲစဉ်ကို ဥဇဘက်ကစ္စတန်နိုင်ငံမှ ဒိုင်လူကြီးတွေက တာဝန်ယူဆောင်ရွက်မယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်မယ့် မြန်မာနဲ့ ထိုင်းအသင်းတို့ပွဲကို ဥဇဘက်ကစ္စတန်နိုင်ငံမှ ဒိုင်လူကြီးလေးဦးက တာဝန်ယူ ဆောင်ရွက်မှာဖြစ်ပြီး အဆိုပါဒိုင်လူကြီးလေးဦးဟာ မြန်မာအသင်းရဲ့ပွဲစဉ်တွေကို တာဝန်ယူကိုင်တွယ်ဖူးကြောင်း ဒိုင်ကော်မတီမှ ဦးထွန်းလှအောင်က ပြောကြားထားပါတယ်။

အရင်က ကိုင်တွယ်ဖူးတဲ့ဒိုင်တွေဖြစ်ကာ ဘယ်ပွဲစဉ်တွေမှာ ကိုင်တွယ်ဖူးတယ်ဆိုတာ မမှတ်မိတော့ပေမဲ့ ဒိုင်လေးယောက်က မြန်မာနိုင်ငံမှာ လာရောက်တာဝန်ယူဖူးပါတယ်လို့ ဦးထွန်းလှအောင်က ပြောထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

မြန်မာနဲ့ထိုင်းအသင်းတို့ ပွဲစဉ်အတွက် လက်မှတ်သုံးသောင်းလေးထောင်ခန့် ရောင်းချထားပြီးဖြစ်တာကြောင့်   လက်မှတ်ရောင်းချဖို့ မရှိတော့ဘဲ  မြန်မာအသင်းပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ အမျိုးသား အားကစားရုံ-၁ သုဝဏ္ဏမှာ LED ဘုတ်နဲ့လည်း ပြသပေးမှာဖြစ်တယ်လို့ သိရပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ