Local Sports: ဆူဇူကီး ဗိုလ်လုပွဲမျှော်လင့်ချက်ရှိသေးတယ်လို့ မြန်မာနည်းပြချုပ်ပြော

နောက်ပွဲမပြီးမချင်း မျှော်လင့်ချက်ရှိပါသေးတယ်လို့ ပြောခဲ့ပါတယ်။

play

 

ဆူဇူကီးဖလား အကြိုဗိုလ်လုပွဲ ပထမအကြော့မှာ ထိုင်းအသင်းကို အိမ်ကွင်းမှာ နှစ်ဂိုးပြတ်ရှုံးနိမ့်ထားပေမဲ့ အကြိုဗိုလ်လုပွဲအတွက် မျှော်လင့်ချက်ရှိနေသေးတယ်လို့ မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောကြားလိုက်ပါတယ်။

"နောက်ပွဲမပြီးမချင်း မျှော်လင့်ချက်ရှိပါသေးတယ်။ ဒိုင်ဝီစီ မမှုတ်မချင်း မျှော်လင့်ချက် ရှိနေပါသေးတယ်’’လို့ ထိုင်းအသင်းနဲ့ ကစားခဲ့တဲ့  အကြိုဗိုလ်လုပွဲ ပထမအကျော့အပြီးပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂတ်ဖရိုင်းဒရစ်က ပြောခဲ့တာပါ။

play

 

မြန်မာအသင်းက အိမ်ကွင်းမှာ နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့လို့  ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ အဝေးကွင်းပွဲစဉ်မှာ သုံးဂိုးပြတ် အနိုင်ရရှိရန် လိုအပ်နေတာပါ။ အဝေးကွင်းမှာ မြန်မာအသင်းက ၃-၁ဂိုး၊ ၄-၂ ဂိုး စတဲ့ဂိုးအရေအတွက်နဲ့ အဝေးဂိုးပိုရရင်လည်း ဗိုလ်လုပွဲတက်ရောက်ခွင့် ရရှိမှာဖြစ်ပြီး ၂-၀ ဂိုးနဲ့ အနိုင်ရရှိရင်တော့ အချိန်ပိုဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

‘‘အခွင့်ရေးတွေ အသုံးချနိုင် ခဲ့မယ်ဆိုရင် ရလဒ်ကပြောင်းသွားမှာပါ။ အမှားနှစ်ခုလောက် ကျူးလွန်မိတာကြောင့် ပေးဂိုးနှစ်ဂိုးခွင့် ပြုခဲ့ရတယ်။ ကွင်းလယ်က အမှားများခဲ့တယ်။ ကောင်းဆက်နိုင်ကတော့ သူ့နေရာမှာ အကောင်းဆုံးကစားသမားတစ်ယောက်ပါ။ အသင်းမှာ သူ့နေရာမှာ သူ့လောက်ကောင်းတဲ့ ကစားသမားမရှိလို့ ပွဲတိုင်းပွဲထွက်ခွင့်ရနေတာပါ’’လို့  ဂတ်ဖရိုင်းဒရစ်က ပြောပါတယ်။ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ယှဉ်ပြိုင်ဖို့ ဒီဇင်ဘာ ၅ ရက် (ယနေ့)နေ့လယ်မှာ ထိုင်းနိုင်ငံကို ထွက်ခွာမှာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : MFF

ထိုင်းနိုင်ငံမှာကစားမယ့် ဆူဇူးကီးအကြိုဗိုလ်လုပွဲရလာဒ် ဘယ်လိုဖြစ်မယ် ထင်လဲ ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ