Local Sports: ထိုင်းနှင့် ယှဉ်ပြိုင်မည့် ဒုတိယအကျော့အတွက် မြန်မာလက်မှတ်ခွဲတမ်း ၂၉၀၀ ရရှိ

အာရှဘောလုံးအဖွဲ့ချုပ် (AFC)ရဲ့ သတ်မှတ်ချက်အရ နိုင်ငံတကာပြိုင်ပွဲတွေမှာ  အမြင့်ဆုံးလက်မှတ်ခွဲတမ်း ၈ ရာခိုင်နှုန်းသာ ရရှိမှာဖြစ်တယ်။

play

 

ထိုင်းမှာ ကျင်းပမယ့် ဆူဇူကီးဖလား အကြိုဗိုလ်လုပွဲအဆင့် ဒုတိယအကျော့မှာ မြန်မာအသင်းအတွက် လက်မှတ်ခွဲတမ်း ၂,၉၀၀ခန့် ရရှိမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားလိုက်ကြောင်း သိရပါတယ်။

အဆိုပါပွဲစဉ်ကို ဘန်ကောက်မြို့ ရာဇမင်္ဂလာကွင်းမှာ ဒီဇင်ဘာ ၈ ရက်က  ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံမှ ပရိသတ်တွေအပြင် ထိုင်းရောက်မြန်မာတွေ လာရောက်ကြည့်ရှုမှာဖြစ်တာကြောင့် လက်မှတ်ခွဲတမ်း ပိုမိုရရှိဖို့ တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

လက်မှတ်ခွဲတမ်း ပိုရဖို့ ထိုင်းဘောလုံးအဖွဲ့ချုပ်ကို မေတ္တာရပ်ခံခဲ့ပြီး ထိုင်းဘောလုံးအဖွဲ့ချုပ်ဘက်ကလည်း ပရိသတ်တွေ ကြည့်နိုင်ဖို့အတွက် လက်မှတ်ခွဲတမ်း ၂,၉၀၀ ပေးတယ်လို့ ဦးကိုကိုသိန်းက ပြောပါတယ်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC)ရဲ့ သတ်မှတ်ချက်အရ နိုင်ငံတကာပြိုင်ပွဲတွေမှာ  အမြင့်ဆုံးလက်မှတ်ခွဲတမ်း ၈ ရာခိုင်နှုန်းသာ ရရှိမှာဖြစ်တာကြောင့် လက်မှတ်ခွဲတမ်း ပိုမိုရရှိဖို့ တောင်းဆိုရခြင်းဖြစ်ကြောင်း ပြောထားပါတယ်။

Photos & Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ