Local Sports: ထိုင်းနဲ့ပွဲမှာ ပရိသတ်လက်ခံနိုင်တဲ့ ခြေစွမ်းဖြစ်အောင် ပြင်ဆင်ထားတယ်လို့ မြန်မာနည်းပြချုပ်ပြော

တစ်ဦးချင်းအမှားကနေ ဂိုးမပေးရအောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

play

 

လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းမှာ ဘန်ကောက်မြို့ ရာဇမင်္ဂလာကွင်းမှာ ထိုင်းလက်ရွေးစင်အသင်းနဲ့ကစားမယ့် ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်မှာ ပရိသတ်တွေ လက်ခံနိုင်လောက်တဲ့ ခြေစွမ်းမျိုးဖြစ်အောင် ဦးစားပေး ပြင်ဆင်ထားတယ်လို့ မြန်မာလက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဇီက ပြောကြားလိုက်ပါတယ်။

ဒီနေ့ မွန်းလွဲပိုင်းက ဘန်ကောက်မြို့Emerald Bangkok Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ မြန်မာနည်းပြချုပ် ဂတ်ဆီဇီက အခုလိုပြောကြားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ပွဲမှာဖြစ်ခဲ့တဲ့ တစ်ဦးချင်းအမှားကနေ ဂိုးမပေးရအောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

play

 

"ဇစ်ကို (ကိုင်တီဆက်)ကို ဂုဏ်ပြုပါတယ်။  ကျွန်တော်တို့ မြန်မာအသင်း အနေနဲ့ကလည်း နောက်ဆုံး မိနစ်အထိ အခွင့်အရေး ရှိနေပါသေးတယ်။ ရတဲ့ အခွင့်အရေးအတိုင်း ကျွန်တော်တို့ အကောင်းဆုံးကြိုးစား သွားမှာပါ။ ကျွန်တော်တို့ မြန်မာ ပရိသတ်တွေ လက်ခံနိုင်လောက်တဲ့ ခြေစွမ်းမျိုး ဖြစ်ဖို့ ဦးစားပေး ပြင်ဆင်ထားပါတယ်။ မြန်မာပရိသတ်တွေအတွက် မနက်ဖြန်ပွဲမှာ အစွမ်းကုန် ကြိုးစားကြဖို့ တစ်သင်းလုံး ဆုံးဖြတ်ပြီးသားပါ"လို့ မစ္စတာဂတ်ဆီက ပြောပါတယ်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းက အိမ်ကွင်းမှာ ထိုင်းအသင်းကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ထားလို့ မနက်ဖန်ကစားရမယ့် ပွဲစဉ်မှာ ထိုင်းအသင်းကို အနိုင်ရဖို့ အဝေးကွင်းမှာ ရုန်းကန်ရမယ့် အနေအထားဖြစ်နေပါတယ်။

Source & Photos : MFF

မြန်မာအသင်း ထိုင်းအသင်းကို အဝေးကွင်းမှာ အနိုင်ရမယ်လို့ ထင်လား ?»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ