Local Sports: ပွဲသိမ်းခရာမမှုတ်မချင်း တိုက်ပွဲဝင်ဖို့ မြန်မာအသင်းကို ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော် တိုက်တွန်း

နိုင်ငံနဲ့ မြန်မာ့ဘောလုံး ပရိသတ်တွေအတွက် အစွမ်းကုန်ပေးဆပ်ကစားဖို့ မှာကြားခဲ့ပါတယ်။

play

 

ဆူဇူကီးဖလားပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်အဖြစ် ထိုင်းလက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်မှာ မြန်မာဘောလုံး အသင်းအနေနဲ့  နိုင်ငံနဲ့ မြန်မာ့ဘောလုံး ပရိသတ်တွေအတွက် အစွမ်းကုန်ပေးဆပ် ကစားသွားကြဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က  တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။

play

 

"နောက်ဆုံးမိနစ်အထိ ခရာမမှုတ်မချင်း တိုက်ပွဲဝင်ရမယ်။ လုံးဝ တစ်စက်ကလေးမှ အလျှော့မပေးဘဲနဲ့ သွေးထွက်ထွက် ချွေးထွက်ထွက် လုပ်ရမယ်။ တော်ရုံစိတ်ဓာတ်နဲ့ မရဘူး။ မချိမဆန့်ကွာ နိုင်ငံအတွက် တိုက်ပွဲဝင်တယ်၊ မင်းတို့ လုပ်တယ်ဆိုရင် မင်းတို့ဘာအဖြေ ထွက်ထွက် ငါတို့ လက်ခံတယ်။ မြန်မာပြည်မှာ ပရိသတ်တွေရဲ့ ယဉ်ကျေးမှု ပြခဲ့ပြီးသွားပြီ။ ကစားသမားတွေ အနေနဲ့ စိတ်ဓာတ် တက်ကြွမှု ဘယ်လောက်ရှိတယ်ဆိုတာ ပြစေချင်တယ်။ ယုံကြည်တယ်။ ရဲရဲဝံ့ဝံ့လုပ်"လို့ ဦးဇော်ဇော်က ပြောခဲ့တယ်လို့ သိရပါတယ်။

play

 

မြန်မာ့လက်ရွေးစင်အသင်းနဲ့ ထိုင်းအသင်းတို့ ပွဲစဉ်ကို ဒီနေ့ ညနေ ၆း ၃၀ အချိန်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရာဇမင်္ဂလာကွင်းမှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြား (MRTV) နဲ့  MRTV-4 ရုပ်သံတွေကလည်း တိုက်ရိုက်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ