play
ဆူဇူကီးဖလားပြိုင်ပွဲတွင် မြန်မာအသင်းနဲ့ မလေးရှားအသင်းတွေ့ဆုံခဲ့စဉ်။

 

မြန်မာ ယူ-၂၂ အသင်းနဲ့ မလေးရှားယူ - ၂၂ အသင်းတို့က ဒီဇင်ဘာလထဲမှာ ခြေစမ်းပွဲနှစ်ပွဲကစားဖို့ စီစဉ်ခဲ့ပေမဲ့ မလေးရှားဘောလုံးအဖွဲ့ချုပ်ဘက်က ဖျက်သိမ်းလိုက်လို့ ဒီနှစ်ထဲမှာ မလေးရှားအသင်းနဲ့ ခြေစမ်းပွဲမကစားတော့ဘူးလို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောပါတယ်။

‘‘သူတို့(မလေးရှား)ဘက်က ခြေစမ်းပွဲ ဖျက်သိမ်းလိုက်တဲ့အတွက် ကျွန်တော်တို့ဆီကို ဖုန်းနဲ့တောင်းပန်ခဲ့တယ်။ ဥက္ကဋ္ဌကို လည်းဖုန်းဆက်ပြီး တောင်းပန်ခဲ့ပါတယ်။ ဒါပေမဲ့ လာမယ့် နှစ်နှစ်၊ သုံးနှစ်အတွင်းမှာတော့ မလေးရှား လက်ရွေးစင်အသင်းနဲ့ရော သက်တမ်းအလိုက် အသင်းတွေပါခြေစမ်းပွဲကစားတော့မှာ မဟုတ်ဘူး’’လို့  ဦးကိုကိုသိန်းက ပြောပါတယ်။

play

 

ရခိုင်ပြည်နယ်ထဲက ဘင်္ဂါလီတွေအရေးကို မြန်မာအစိုးရရဲ့ ကိုင်တွယ်ပုံကို ကန့်ကွက်သည့်အနေနဲ့ အဆိုပါချစ်ကြည်ရေး ဘောလုံးပွဲ နှစ်ပွဲကို ဖျက်သိမ်းတဲ့အကြောင်း မလေးရှားဘောလုံးအသင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁ ရက်မှာ ပြောကြားခဲ့ပြီး ခြေစမ်းပွဲ ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

၂၀၁၇ မလေးရှားဆီးဂိမ်း ပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ မြန်မာယူ-၂၂ လက်ရွေးစင်အသင်းက ပဏာမကစားသမား ၂၇ ဦးနဲ့ ဖွဲ့စည်းထားပြီး ပြည်တွင်းကလပ်အသင်းတွေနဲ့ ခြေစမ်းပွဲသုံးပွဲ ယှဉ်ပြိုင်ထားရာမှာ  သုံးပွဲစလုံး သရေကျထားပါတယ်။

Source : 7DayDaily

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video