Local Sports: မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ဒေ့ဗ်လက်ဒပ်ရဲ့ မင်္ဂလာပွဲကို ဒီနေ့ ကျင်းပမယ်

စင်ထရယ်ဟိုတယ်မှာ နံနက် ၁၁ နာရီမှာ ကျင်းပမှာဖြစ်ပါတယ်။

play

 

Air KBZ ရွှေအောင်လံဆုနဲ့ ရိုးရာလက်ဝှေ့ကမ္ဘာ့ချန်ပီယံဆုရှင် ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒပ်နဲ့ သူ့ရဲ့ချစ်သူ ကနေဒါနိုင်ငံသူတို့ရဲ့ လက်ထပ်မင်္ဂလာပွဲကို မြန်မာ့ရိုးရာဓလေ့ထုံးတမ်းစဉ်လာအတိုင်း ဒီဇင်ဘာ ၁၃ ရက် မှာ ကျင်းပမယ်လို့ သိရပါတယ်။

play

 

ဒေ့ဗ်လက်ဒပ်နှင့် ကအီရာနာတို့ မင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာ နံနက် ၁၁ နာရီမှာ ကျင်းပမှာဖြစ်ပြီး သူတို့ရဲ့ဆန္ဒအရ မြန်မာ့ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာနဲ့ မင်္ဂလာအခမ်းအနားကျင်းပတာ ဖြစ်ပါတယ်။

play

 

ကနေဒါနိုင်ငံသား မွေထိုင်းချန်ပီယံဒေ့ဗ်လက်ဒပ်ဟာ ဒီဇင်ဘာ ၁၁ ရက်က သိမ်ဖြူအားကစားရုံမှာ ကျင်းပခဲ့တဲ့ Air KBZ ဒဂုံရွှေအောင်လံလုပွဲမှာ မြန်မာပြည်ချန်ပီယံ ထွန်းထွန်းမင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

play

 

အဆိုပါပွဲမှာ အနိုင်ရရှိသူကို Air KBZ ရွှေအောင်လံဆုအပြင် ရိုးရာလက်ဝှေ့ အလွတ်တန်း ကမ္ဘာ့ချန်ပီယံအဖြစ်ပါ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က သတ်မှတ်ထားတာကြောင့် ဒေ့ဗ်လက်ဒပ်အနေနဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ ကမ္ဘာ့အလွတ်တန်း ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

 မြန်မာ့ရိုးရာလက်ဝှေ့နဲ့ မြန်မာနိုင်ငံကို ချစ်မြတ်နိုးကြောင်းနဲ့ အနာဂတ်မှာ ရိုးရာလက်ဝှေ့ တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားဖို့ အစီအစဉ်ရှိကြောင်းလည်း ဒေ့ဗ်လက်ဒပ်က ပြောကြားထားပါတယ်။

Source: 7Day Daily
Photos : Dave Leduc, Nyi Unique

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ