Local Sports: မြက်ခင်းစိမ်းတွေပေါ် ပြန်လာတော့မယ့် ငြိမ်းချမ်းအောင်

မြန်မာလိဂ်ရာသီအစ ပွဲစဉ်တွေကစပြီး ဘောလုံးပြန်ကစားနိုင်မယ်လို့ ဆိုပါတယ်။

play

 

ညာဘက်ဒူးအရွတ် စုတ်ပြဲဒဏ်ရာကြောင့် ကာလရှည် အနားယူနေရတဲ့ မြန်မာ ယူ-၁၉ အသင်း ကစားသမား ငြိမ်းချမ်းအောင်က လာမယ့် ၂၀၁၇ ဘောလုံး ရာသီအစမှာ ဘောလုံးပြန်လည်ကစားနိုင်တော့မယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ်မှာ ဥရောပကိုသွားရောက်လေ့ကျင့်ခဲ့တဲ့ ခရီးစဉ်မှာရရှိခဲ့တဲ့ ဒဏ်ရာကြောင့် တစ်နှစ်ကျော်ကြာ အနားယူခဲ့ရတဲ့ ငြိမ်းချမ်းအောင်က ဒီဇင်ဘာ ၁၅ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆေးစစ်မှုခံယူပြီး ဒဏ်ရာအခြေအနေ ကောင်းလာလို့ မြန်မာလိဂ်ရာသီအစ ပွဲစဉ်တွေကစတင်ပြီး ဘောလုံးပြန်ကစားနိုင်မယ်လို့  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ဒေါ်မြတ်မြတ်ဦးက ပြောပါတယ်။

play

 

‘‘ငြိမ်းချမ်းအောင်ရဲ့ ဒဏ်ရာ တော်တော်ကို တိုးတက်လာတယ်။ ဒီတစ်ခေါက် ဘန်ကောက်မှာ ဆေးစစ်တာ နောက်ဆုံးအကြိမ်ပါ။ သူ့ရဲ့ဒဏ်ရာက ၉၅ ရာခိုင်နှုန်းလောက် သက်သာလာ ပြီဖြစ်တဲ့အတွက် မြန်မာလိဂ်ပွဲတွေကို ပြန်ကစားနိုင်တော့မှာပါ’’လို့ ထိုင်းနိုင်ငံကို သွားရောက်ဆေးကုသရာမှာ လိုက်ပါကူညီပေးခဲ့တဲ့ ဒေါ်မြတ်မြတ်ဦးက ပြောပါတယ်။

‘‘ကျွန်တော့်ဒဏ်ရာ အခြေ အနေက ပြန်ကောင်းနေပါပြီ။ အခုလက်ရှိ ရန်ကုန်အသင်းရဲ့ ခြေစမ်းပွဲတွေမှာ ပါဝင်ကစား တယ်ဆိုပေမယ့်လည်း အရန်ကစားသမားအနေနဲ့ပဲ ဝင်ရောက် ကစားတာပါ။ မိနစ် ၉၀ အပြည့် ပြန်ကစားနိုင်ဖို့ လေ့ကျင့်မှုတွေ လုပ်ရဦးမယ်။ ရန်ကုန်အသင်း အတွက်လည်း အမြန်ဆုံး ကစားချင်နေပြီ’’လို့ ငြိမ်းချမ်းအောင်က ပြောပါတယ်။

Source : 7DayDaily

Photos : Myat Myat Oo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ