Local Sports: အိမ်ကွင်းမှာ အင်ဒိုနီးရှားအသင်းကို အနိုင်ယူပြီး ထိုင်းအသင်း ဆူဇူကီးဖလားကိုရယူ

ပြိုင်ပွဲတစ်လျှောက် ငါးကြိမ်မြောက် ဗိုလ်စွဲနိုင်ခဲ့တာပါ။

play


ဒီနေ့ညနေပိုင်းက ထိုင်းနိုင်ငံဘန်ကောက်မြို့ ရာဇမင်္ဂလာအားကစားကွင်းမှာကစားခဲ့တဲ့ ၂၁၀၆ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ဒုတိယအကြော့ ဗိုလ်လုပွဲစဉ်မှာ အိမ်ရှင်ထိုင်းအသင်းက အင်ဒိုနီးရှားအသင်းကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့ပြီး နှစ်ကြော့ပေါင်းရလဒ် ၃-၂ ဂိုးနဲ့အနိုင်ရပြီး ဆူဇူကီးဖလားချန်ပီယံဆု ငါးကြိမ်မြောက် ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။


ဒီဇင်ဘာလ ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံမှာ ဆူဇူကီးဗိုလ်လုပွဲ ပထမအကြော့အနေနဲ့ကစားခဲ့တဲ့ ပွဲစဉ်မှာ အင်ဒိုနီးရှားအသင်းက ထိုင်းလက်ရွေးစင်အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ ပေမယ့် ဒီနေ့ပွဲစဉ်မှာ အိမ်ရှင်ထိုင်းအသင်းက အင်ဒိုနီးရှားအသင်းကို ပွဲချိန်ပြည့်နီးပါဖိအားပေးကစားနိုင်ခဲ့ပြီး ထိုင်းအသင်းတိုက်စစ်မှူး ဆီရို့ခ်ျရဲ့ ပွဲချိန် ၃၇ မိနစ်နဲ့ ၄၇ မိနစ်တို့မှာ သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့တာပါ။

play


ဒီနေ့ပွဲစဉ်မှာ အိမ်ရှင်ထိုင်းအသင်းက ဧည့်သည်အင်ဒိုအသင်းကို ပွဲချိန်တစ်လျောက်လုံးဦးဆောင်ကစားနိုင်ခဲ့သလို ဒုတိယပိုင်းပွဲချိန် ၈၁ မိနစ်မှာ ထိုင်းအသင်းအတွက် ဦးဆောင်ဂိုးတွေသွင်းပေးထားတဲ့ ဆီရို့ခ်ျကို အင်ဒိုနောက်ခံလူတွေက ဂိုးဧရိယာထဲမှာလှဲချတာလို့ ရခဲ့တဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို အင်ဒိုနီးရှားဂိုးသမားကာကွယ်နိုင်ခဲ့လို့ နောက်ထပ်ဂိုးမပေးခဲ့ရတာပါ။

play


ဒီနေ့နိုင်ပွဲကြောင့် ထိုင်းအသင်းဟာ ပြိုင်ပွဲတစ်လျောက် ငါးကြိမ်ဗိုလ်စွဲနိုင်ခဲ့သလို အာဆီယံဒေသတွင်းမှာ အအောင်မြင်ဆုံး အသင်းအဖြစ်ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။
Source & Photos : AFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ