Local Sports: ဇွဲကပင် အမျိုးသမီးအသင်း ပြည်ပကစားသမားသုံးဦး ခေါ်ယူမယ်

လက်ရှိဇွဲကပင် အမျိုးသမီးအသင်းမှာ လက်ရွေးစင် ကစားသမားဟောင်း သန်းသန်းထွေး ပါဝင်ကစားလျက်ရှိတာလည်း ဖြစ်ပါတယ်။

play

 

၂၀၁၆ မြန်မာနေရှင်နယ်လိဂ် အမျိုးသမီးပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ ဇွဲကပင်ယူနိုက်တက် အမျိုးသမီးအသင်းဟာ  နိုင်ငံခြားကစားသမားသုံးဦး ခေါ်ယူမယ်လို့ သိရပါတယ်။

ယခုနှစ် ရာသီမှစတင်ကာ ကျင်းပနေတဲ့ မြန်မာနေရှင်နယ်လိဂ်အမျိုးသမီးပြိုင်ပွဲကို အသင်းခုနစ်သင်းနဲ့ ကျင်းပလျက်ရှိတာဖြစ်ပြီး ဇွဲကပင်အမျိုးသမီးအသင်းဟာ ပွဲစဉ်(၁)မှာ မြ၀တီအသင်းနဲ့ တွေ့ဆုံကာ ခုနစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားပါတယ်။

လူငယ်ကစားသမားတွေ အတွေ့အကြုံကောင်း ရရှိစေရေးနဲ့ အနာဂတ်မှာ အရည်အချင်းပြည့်ဝတဲ့ မျိုးဆက်သစ်မြန်မာ့လက်ရွေးစင်တွေ မွေးထုတ်ပေးနိုင်ရေးကို ရည်ရွယ်ပြီး ခေါ်ယူရတာ ဖြစ်တယ်လို့ ဇွဲကပင်ယူနိုက်တက်အသင်း အမှုဆောင်အရာရှိ ဦးအောင်သူမြင့်က ပြောထားပါတယ်။

လက်ရှိဇွဲကပင် အမျိုးသမီးအသင်းမှာ လက်ရွေးစင် ကစားသမားဟောင်း သန်းသန်းထွေး ပါဝင်ကစားလျက်ရှိတာလည်း ဖြစ်ပါတယ်။

ဇွဲကပင်ယူနိုက်တက် အမျိုးသမီးအသင်းဟာ ဘရာဇီးအမျိုးသမီးလိဂ်မှ ပရော်ဖက်ရှင်နယ် အမျိုးသမီး ဘောလုံးသမားတွေကို ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး မတ်လအတွင်း အပြီးသတ်ခေါ်ယူမှာဖြစ်တယ်လို့လည်း သိရပါတယ်။

 Source: 7Day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ