Local Sports: ဗီယက်နမ် ယူ ၂၁ ဖိတ်ခေါ်ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ မြန်မာ သရေကျ

ရန်နိုင်ဦးက အဖိုးတန်ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ဗီယက်နမ် ယူ ၂၁ ဖိတ်ခေါ်ပြိုင်ပွဲမှာ အဖွင့်ပွဲစဉ်အဖြစ်  မြန်မာ ယူ ၂၁ အသင်းနဲ့ ယူ ၂၁ ဗီယက်နမ်သတင်းစာအသင်းတို့ ကစားရာမှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေပွဲဖြစ်ခဲ့ပါတယ်။

play

 

 ဒီဇင်ဘာလ ၁၈ ရက် ညနေ ၆ နာရီက ယှဉ်ပြိုင်ကစားခဲ့ကြတာ ဖြစ်ပြီး မြန်မာ ယူ ၂၁ အသင်းမှာ ဂိုး- ဘုန်းသစ္စာမင်း၊ နောက်တန်းမှာ ထိုက်ထိုက်အောင်၊ သီဟထက်အောင်၊ ထလန်ဟုတ်ထန်၊ နန္ဒကျော်တို့ပါဝင်ခဲ့ပြီး စွမ်းထက်အောင်၊ သန်းဇော်ဟိန်း၊ ဇင်ဖြိုးအောင်၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ သန်းပိုင် အစရှိသဖြင့် လူစုံပါဝင်ပွဲထွက်ကစားခဲ့တာဖြစ်ပါတယ်။

play

 

ပထမပိုင်းမှာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ထိုးဖောက်ကစားခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ လူစားဝင်လာတဲ့ ဗီယမ်နမ်ကစားသမား  Duong Van Hao က ဗီယက်နမ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ မြန်မာအသင်းမှ ချေပဂိုးပြန်လည်ရရှိဖို့ တိုက်စစ်မြှင့်တင်ကစားလာခဲ့ပြီး ပွဲချိန် ၉၃ မိနစ်မှ ရန်နိုင်ဦးက အဖိုးတန်ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

 မြန်မာ့လက်ရွေးစင် ယူ -၂၁ အသင်းဟာ  ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ဂျပန်ကလပ် Yokohama အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Photos & Source: MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ