Local Sports: ကမ္ဘာ့အဆင့် သတ်မှတ်ချက် ခုနှစ်ဆင့် ခုန်တက်ခဲ့တဲ့ မြန်မာလက်ရွေးစင် ဘောလုံးအသင်း

အဆင့် ၁၅၉ မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

play

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အကြိုဗိုလ်လုပွဲအဆင့်ထိတက်ရောက်နိုင်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ ဒီဇင်ကမ္ဘာ့အဆင့်သတ်မှတ်ချက်က အဆင့် ခုနှစ်ဆင့်ခုန်တက်သွားတယ်လို့ သိရပါတယ်။

ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၅၉ မှာ ရပ်တည်ခဲ့တဲ့ မြန်မာအသင်းက အင်ဒိုနီးရှား၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့ အထက်မှာ ရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပြီး အာရှအဆင့်သတ်မှတ်ချက် အဆင့် ၃ဝ မှာ ရပ်တည်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ဒေသတွင်း အဓိကပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့က ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၁၂၆ နဲ့ ၁၃၄ တို့မှာ ရပ်တည်ခဲ့ပြီး ဆူဇူကီးဖလား ချန်ပီယံထိုင်းအသင်းက ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ အဆင့်သုံးဆင့်မြင့်တက်ခဲ့ကာ ဗီယက်နမ်အသင်းကတော့ အဆင့်ငါးဆင့် ကျဆင်းခဲ့တာကိုတွေ့ရပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းကို ဆူဇူကီးဖလားအကြိုဗိုလ်လုပွဲကို ပို့ဆောင်ပေးခဲ့တဲ့ နည်းပြချုပ်ဂတ်ဆီဇီကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ၂နှစ်သက်တမ်းတိုးစာချုပ် လက်မှတ်ထိုးခဲ့တယ်လို့ သိရပါတယ်။

Source & Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ