Local Sports: သူနာပြုနဲ့ သားဖွားဆရာမ ဝတ်စုံတွေ ပြောင်းလဲတော့မယ်

ခေတ်နဲ့ညီပြီး လုပ်ငန်းခွင်မှာ ပေါ့ပါးမှုရှိအောင် ပြောင်းလဲခဲ့တာလို့ဆိုပါတယ်။

play

 

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သူနာပြုနဲ့သားဖွား ဆရာ၊ ဆရာမတွေရဲ့ဝတ်စုံတွေကို ပြောင်းလဲပြင်ဆင်ဖို့အတွက် ဝတ်စုံမိတ်ဆက်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့က နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“ခေတ်နဲ့ညီပြီး လုပ်ငန်းခွင်မှာလည်း ပေါ့ပါးမှုရှိအောင် ၀တ်စုံလေးတွေကို ပြင်ဆင်ပြောင်းလဲဖို့အတွက် ၀တ်စုံအသစ်တွေကို ၀တ်ဆင်ပြီး မိတ်ဆက်တာပါ။ အရင်ကလိုပါပဲ ခါးရှည်နဲ့ ခါးတိုကွာသွားတယ်။ အရောင်လေးတွေနဲ့ အင်္ကျီအနားကွပ် လေးတွေပါလာပါတယ်”လို့ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံ သူနာပြုအုပ်ကြီး ဒေါ်ခင်သန်းက ပြောပါတယ်။

ပြောင်းလဲလိုက်တဲ့ ၀တ်စုံတွေမှာ အင်္ကျီကို ခါးအောက် လက်လေးလုံးရှည်ထားပြီး လက်၊ အိတ်ကပ်တွေမှာ တစ်စင်တီမီတာလောက်ရှိတဲ့ ရာထူးအဆင့်အလိုက် သတ်မှတ်ထားတဲ့ အရောင်တွေနဲ့ အနားကွပ်ထားပြီး ခေါင်းဆောင်း(Cap) ကိုလည်း ရာထူးအဆင့်အလိုက် သတ်မှတ်ထားတဲ့ တစ် စင်တီမီတာရှိတဲ့ အရောင်တွေနဲ့ အနားကွပ်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိ ၀တ်စုံကတော့ အစဉ်အလာနဲ့ မြန်မာဆန်မှုကြောင့် အခမ်းအနားတက် ၀တ်စုံအဖြစ်ဆက်လက်ထားရှိသွားမှာဖြစ်ပြီး သူနာပြုဝတ်စုံပြောင်းလဲဝတ်ဆင်နိုင်ဖို့ကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလထဲမှာ ပြီးစီးအောင် ဆောင်ရွက်နေပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်ရမှာဖြစ်လို့ အချိန်သတ်မှတ် ပေးမှုမရှိသေးဘူးလို့ သိရပါတယ်။

Source & Photo : DVB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ