Local Sports: ထွန်းထွန်းမင်းကို အနိုင်ယူခဲ့တဲ့ ကမ္ဘာ့ချန်ပီယံ ဒေ့ဗ်လက်ဒပ်နဲ့ ဝါးရင်းတုတ်ဖိုးကေ ဂျပန်မှာထိုးမယ်

၂၀၁၇ ဖေဖော်ဝါရီလထဲမှာ ထိုးသတ်သွားမှာပါ။

play

 

ဂျပန်နိုင်ငံမှာ ဒုတိယအကြိမ် ကျင်းပမယ့် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲမှာ ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ့ဗ်လက်ဒပ်နဲ့ ၀ါးရင်းတုတ်ဖိုးကေတို့ကို အဓိကတွဲဆိုင်းအဖြစ် ယှဉ်ပြိုင်ထိုးသတ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

play

 

၂၀၁၇ ဖေဖော်ဝါရီလထဲမှာ ဂျပန်နိုင်ငံမှာ ကျင်းပမယ့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ဒုတိယပွဲကို တွဲဆိုင်းခြောက်ဆိုင်းနဲ့ ကျင်းပဖို့စီစဉ်ထားပြီး အထူးတွဲ ဆိုင်းအမျိုးသမီးပွဲစဉ်အဖြစ် ဂျပန်နပန်းသမား မိုမိုကိုနဲ့ မြန်မာ့ရိုးရာလက်ဝှေ့မယ် ရွှေစင်မင်းတို့ရဲ့ စိတ်မကျေပွဲစဉ်ကို ပြန်လည်ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။

ဒီစိန်ခေါ်ပွဲမှာ  အမျိုး သမီးပွဲစဉ်ကလွဲပြီး ကျန်ပွဲစဉ်တွေမှာ ငါးချီစိန်ခေါ်ပွဲတွေပဲ ကျင်းပသွားမှာဖြစ်ကာ  ဖိုးကေနှင့် ဒေ့ဗ်လက်ဒပ်၊ ဖျံသွေးနှင့် အီရန်နိုင်ငံသား နျူကလီးယားဟဒီ၊ ရွှေရာမဉ်နှင့် ဂျပန်နိုင်ငံသား အိုကုဒ၊ သားအသည်းတစ်ပွင့်နှင့် ဂျပန်နိုင်ငံသား ယူကီ၊ ဒေါင်းဖြူလေးနှင့် ဂျပန်နိုင်ငံသား ကုမာ၊ အမျိုးသမီးလေးချီ စိန်ခေါ်ပွဲအဖြစ် ရွှေစင်မင်းနှင့် ဂျပန်နိုင်ငံသူ မိုမိုကိုတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

play

 

ဖိုးကေအနေနဲ့ ဒီပွဲမှာအနိုင်ရရင် ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံဖြစ်မယ်လို့ ပွဲစီစဉ်သူ ဦးဝဏ္ဏက ပြောခဲ့ပြီး လက်ဝှေ့ပြိုင်ပွဲကနေရရှိတဲ့ ၀င်ကြေးတွေအားလုံးကို ငလျင်ဒဏ်ခံခဲ့ရတဲ့ ပုဂံမြို့က စေတီပုထိုးတွေအတွက် လှူဒါန်းသွားမယ်လို့ ဂျပန်နိုင်ငံမှ ပွဲစီစဉ်သူတွေက ပြောပါတယ်။

Source : 7DayDaily

Photos :  Hein Min Zaw Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ