Local Sports: မောင်မောင်လွင်ကို ပြည်ပကလပ်တွေက ကမ်းလှမ်းမှု မရှိသေး

ထိုင်းကလပ် ဆာမက်ဆာခွန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်နေတာ ဖြစ်ပါတယ်။

play

 

လက်ရွေးစင်နဲ့ ဟံသာဝတီယူနိုက်တက် ကွင်းလယ်ကစားသမား မောင်မောင်လွင်ကို ထိုင်းကလပ် ဆာမက်ဆာခွန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်နေပေမဲ့ တရားဝင်ကမ်းလှမ်းမှု မရှိသေးဘူးလို့ သိရပါတယ်။

မောင်မောင်လွင်ကို ပြည်ပကလပ်အသင်းတွေက တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လာမယ်ဆိုရင် အသင်းပိုင်ရှင်နဲ့ တိုင်ပင်ပြီး လက်ခံစဉ်းစားမှာဖြစ်ကြောင်း ဟံသာဝတီယူနိုက်တက် အထွေထွေမန်နေဂျာ ဦးထွန်းထွန်းလင်းက ပြောထားပါတယ်။

ကစားသမား အနာဂတ်အတွက် လက်ခံစဉ်းစားပေးရမှာဖြစ်ပြီး လောလောဆယ်တော့ ပြည်ပကလပ်အသင်းတွေက တရားဝင် ကမ်းလှမ်းလာတာ မရှိသေးဘူးလို့လည်း ပြောကြားပါတယ်။

ဟံသာဝတီအသင်းရဲ့ အဓိက ကစားသမား မောင်မောင်လွင်ဟာ လက်ရှိမှာ ၂၀၁၇ မလေးရှား ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် လက်ရွေးစင် ယူ-၂၂ အသင်းရဲ့ ပဏာမလူစာရင်းမှာ  ရွေးချယ်ခြင်းခံထားရပြီး ဆာမက်ဆာခွန် အသင်းဟာ ပြီးခဲ့သည့်နှစ်က ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ကောင်းဆက်နိုင် သွားရောက်ကစားခဲ့တဲ့ အသင်းဖြစ်ပါတယ်။

Photos & Source: 7Day Daily, MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ