Local Sports: မြန်မာလိဂ်ဂိုးသွင်းဘုရင် ကိသ်မာတူနာကို ဧရာဝတီအသင်းခေါ်ယူ

တစ်နှစ်သက်တမ်း စာချုပ်နဲ့ ခေါ်ယူလိုက်တာပါ။

play

 

မြန်မာလိဂ်ပြိုင်ပွဲ ရာသီသစ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ ဧရာဝတီအသင်းက ပြီးခဲ့တဲ့ရာသီက မြန်မာလိဂ်ဂိုးသွင်းဘုရင် ဆုရရှိခဲ့တဲ့  ရတနာပုံတိုက်စစ်မှူးဟောင်း ကိသ်မာတူနာကိုတစ်နှစ်သက်တမ်း စာချုပ်နဲ့ ခေါ်ယူလိုက်တယ်လို့ သိရပါတယ်။

လိုက်ဘေးရီးယားနိုင်ငံသား ကိသ်မာတူနာက မြန်မာလိဂ်အတွေ့အကြုံရင့် ကစားသမားတစ်ဦးလည်းဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၄ မြန်မာလိဂ်ရာသီက ချင်းယူနိုက်တက်အသင်းမှာ ကစားခဲ့ပြီး သွင်းဂိုး ၂၅ ဂိုး သွင်းယူခဲ့ကာ  ၂၀၁၅ မြန်မာလိဂ် ဒုတိယအကျော့မှာလည်း ရတနာပုံအသင်းအတွက် သွင်းဂိုး ၁၀ ဂိုးနဲ့  ၂၀၁၆ မှာ သွင်းဂိုး ၁၆ ဂိုးအထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

play

 

‘‘လာမယ့်ရာသီမှာ ဧရာဝတီအသင်းရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရောက်လာခဲ့တာပါ။ အဲဒီအတွက် ကျွန်တော် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်’’လို့ ဧရာဝတီအသင်းကို ရောက်လာတဲ့ အသက် (၂၂)နှစ်အရွယ် ကိသ်မာတူနာက ပြောပါတယ်။

၂၀၁၆ မြန်မာလိဂ်ပြိုင်ပွဲမှာ ရတနာပုံတိုက်စစ်မှူး ကိသ် မာတူနာ၊ ၀င်းနိုင်စိုးနဲ့ ဧရာဝတီ တိုက်စစ်မှူးခရစ္စတိုဖာတို့က သွင်းဂိုး ၁၆ ဂိုးနဲ့ ဂိုးသွင်းဘုရင်ဆုကို ပူးတွဲရရှိထားပါတယ်။

Source : 7DayDaily

Photos : Ayeyawady United FC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ