Local Sports: အာရှယူ-၂၃ ခြေစစ်ပွဲနဲ့ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာဘောလုံးအသင်းကို ဂတ်ဖရိုင်းဒရစ် ကိုင်တွယ်မယ်

မဲခွဲပွဲကို လာမယ့် မတ်လ ၁၇ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။

play

 

၂၀၁၈ အာရှယူ-၂၃ ဘောလုံး ပြိုင်ပွဲခြေစစ်ပွဲနဲ့ မလေးရှားဆီးဂိမ်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ ယူ-၂၂ လက်ရွေးစင်အသင်းကို လက်ရွေးစင်အသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က တာဝန်ယူကိုင်တွယ်သွားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော် ကပြောပါတယ်။

‘‘အာရှယူ-၂၃ ပြိုင်ပွဲ ခြေစစ်ပွဲရော ဆီးဂိမ်းအတွက်ပါ ကိုင်တွယ်ဖို့ နည်းပြဂတ်ကို တာဝန်ပေးထားတယ်။ ဦးကြည်လွင်က လက်ထောက်နည်းပြအဖြစ်  တာဝန်ယူ ဆောင်ရွက်သွားမယ်’’လို့ ဦးဘုန်းနိုင်ဇော်က ပြောပါတယ်။

မြန်မာယူ-၂၂ အသင်း ၀င်ရောက်ယှဉ်ပြိုင်မယ့် အာရှယူ-၂၃ ခြေစစ်ပွဲ မဲခွဲပွဲအခမ်းအနားကို  မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ လာမယ့် မတ်လ ၁၇ ရက်မှာ ကျင်းပမှာဖြစ်ကာ အရှေ့အာရှနဲ့ အနောက်အာရှဇုန် ဇုန်နှစ်ခုခွဲ ကျင်းပမှာ ဖြစ်ပါတယ်။

play

 

ဒီခြေစစ်ပွဲကို လာမယ့် ဇူလိုင်အတွင်းကျင်းပမှာဖြစ်ကာ အုပ်စုတစ်ခုချင်းစီအလိုက် အိမ်ရှင်နိုင်ငံတွေ ရွေးချယ်သွားမှာဖြစ်ကာ မြန်မာအသင်းပါဝင်မယ့်  ခြေစစ်ပွဲအုပ်စုပွဲစဉ်တွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိထားတာပါ။

ခြေစစ်ပွဲအဆင့် အုပ်စု(၁၀) စုထဲက ထိပ်ဆုံး ၁၀ သင်း တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး အုပ်စုဒုတိယနေရာရတဲ့ ၁၀ သင်းအနက်ထဲက အကောင်းဆုံး ငါးသင်း ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကို တရုတ်နိုင်ငံမှာ ၂၀၁၈ နှစ် ဆန်းမှာ ကျင်းပမှာဖြစ်ပါတယ်။

Source : 7DayDaily

Photos : MFF

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ