Local Sports: မြန်မာကစားသမားနှစ်ဦး ယှဉ်ပြိုင်မယ့် ကမ္ဘာ့အပျော်တမ်းတံခွန်စိုက် စစ်တုရင်ပြိုင်ပွဲ

နိုင်ငံပေါင်း ၂၆ နိုင်ငံက ကစားသမား ၆၄ ဦး ပါဝင်ယှဉ်ပြိုင်ကြမှာပါ။

play

 

ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပမယ့် ၂၀၁၇ ကမ္ဘာ့အပျော်တမ်းတံခွန်စိုက် စစ်တုရင်ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် ၀င်းထွန်းနဲ့ စည်သူတို့ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

ဒီပြိုင်ပွဲကို အီတလီနိုင်ငံ စပိုလက်တိုမြို့မှာ လာမယ့် ဧပြီ ၁ ရက်ကနေ ၉ ရက်အထိကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား လေးမျိုးပါဝင်မှာဖြစ်ကာ ပြိုင်ပွဲကို လက်ရည်အဆင့် သတ်မှတ်ချက် ၂၃၀၀ အောက် အားကစားသမားတွေပဲ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိတယ်လို့ သိရပါတယ်။

ပြိုင်ပွဲအမျိုးအစားတွေက လက်ရည်အဆင့် ၂၃၀၀ အောက်ပြိုင်ပွဲ၊ ၂၀၀၀ အောက်ပြိုင်ပွဲ၊ ၁၇၀၀ အောက်ပြိုင်ပွဲ၊ ၁၇၀၀ အောက် (အမျိုးသမီး)ပြိုင်ပွဲတွေ ဖြစ်ပါတယ်။

မြန်မာအားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်မယ့် လက်ရည်အဆင့် ၂၃၀၀ အောက် ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၂၆ နိုင်ငံက ကစားသမား ၆၄ ဦး ပါဝင်ယှဉ် ပြိုင်မယ်လို့ မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးဇော်မင်းက ပြောပါတယ်။

play

 

‘‘ပြိုင်ပွဲတွေက အမြဲရှိတယ်။  ပြိုင်ပွဲတွေကို ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် ၀က်ဘ်ဆိုက်မှာ တင်ထားပေးတယ်။ ပြိုင်ချင်တဲ့ပွဲကို သွားပြိုင်လို့ရတယ်။ သတ်မှတ်ချက် တွေတော့ရှိတာပေါ့။ ဒီပြိုင်ပွဲမှာ ၀င်ပြိုင်ဖို့အတွက် စည်သူနဲ့ ၀င်းထွန်းတို့ကို ရွေးချယ်ထားတယ်’’ လို့  ဦးမျိုးဇော်မင်းက ပြောပါတယ်။

၂၀၁၇ ကမ္ဘာ့အပျော်တမ်း တံခွန်စိုက် စစ်တုရင်ပြိုင်ပွဲကို အိမ်ရှင်အီတလီ၊ ဂျာမနီ၊ ပီရူး၊ အင်္ဂလန်၊ အိုက်စလန်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘယ်လ်ဂျီယံ၊ ကိုလံ ဘီယာ၊ မွန်ဂိုလီးယား၊ ရုရှား၊အာ ဂျင်တီးနား၊ အီဂျစ်၊ ဂရိ၊ အမေရိကန်၊ ဆိုက်ပရပ်စ်၊ အီကွေဒေါ၊ ကာဂျစ္စတန်၊ မော်ရိုကို၊ ဘူလ်ဂေး ရီးယား၊ ဟန်ဂေရီ၊ ချီလီ၊ အက်စ် တိုးနီးယား၊ မြန်မာ စတဲ့ နိုင်ငံတွေက ကစားသမားတွေ ၀င် ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ် ပြိုင်မယ့် ကစားသမားတွေအတွက် ၀င်ကြေး ယူရို ၃၀ သတ်မှတ်ထားပြီး ပြိုင်ပွဲအမျိုးအစားအလိုက် အမှတ်အများဆုံးရရှိတဲ့ ကစားသမားတွေကို ဆုကြေးငွေတွေ ခွဲ ဝေချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : chessroom

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ